အများပိုင်ကုမ္ပဏီ

February 22, 2018

အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ ထူထောင်မည်

အစိုးရနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးပ်ငန်းရှင်တွေ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်သွားဖို့ စီစဉ်နေတယ်လို့  မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖေဖော်ဝါရီ၂၂ ရက် အထူးအစည်းအဝေးမှာ အသင်းရဲ့ ဥက္ကဋ္ဌက ဆောက်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ အများပြည်သူပိုင် ကုမ္ပဏီတစ်ခုတည်ထောင်သွားဖို့ ထုတ်ဖော်ပြောခဲ့တာပါ။ ဒီအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဝန်ကြီးဌာနတို့ ပြီးခဲ့တဲ့လက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မူအားဖြင့် သဘောတူခဲ့ကြတယ်လို့လည်း ဦးသာဌေးက ပြောပါတယ်။ ကုမ္ပဏီရဲ့ ၅၁ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်မှာဖြစ်ပြီး  ၄၉ ရာခိုင်နှုန်းကို ပုဂ္ဂလိကက ပိုင်ဆိုင်တဲ့ ပုံစံမျိုး ဖြစ်ဖို့များတယ်လို့ အသင်းက ဆိုပါတယ်။ လာမယ့် မတ်လ ၆ ရက်နေ့မှာ  ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ဆောက်လုပ်ရေးလောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြသွားဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်အနေနဲ့ အသင်းရဲ့ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲရေးဆွဲဖို့ လုပ်ဆောင်နေကြသလို ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့လည်း ရှိပါတယ်။
3 years Ago

March 13, 2017

ဖရဲ၊ သခွားပြည်ပတင်ပို့ရန် အများပိုင်ကုမ္ပဏီ တည်ထောင်မည်

  ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့နဲ့ ဖရဲ၊ သခွားတန်ဖိုးမြှင့် ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ဖို့ အတွက် မြန်မာနိုင်ငံဖရဲ၊ သခွား အများပိုင်ကုမ္ပဏီကို တည်ထောင်သွားမယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်းက သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံထွက် ဖရဲ၊ သခွားတွေကို  တရုတ်ဈေးကွက် တခုတည်းကိုပဲ အားထားတင်ပို့ နေရတဲ့အတွက် တရုတ်ကုန်သည်တွေရဲ့ ဈေးနှိမ်ဝယ်ယူမှုတွေအပါအ၀င် လမ်းခရီးကြန့်ကြာမှုတွေ ကြောင့် လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။ အများပိုင်ကုမ္ပဏီမှာ ဖရဲ၊ သခွားတွေကို လက်တွေ့စိုက်ပျိုးနေတဲ့ တောင်သူတွေကို ဦးစားပေးရှယ် ယာရှင်တွေ အနေနဲ့ လက်ခံသွားမှာဖြစ်ပြီးတော့ ဖရဲ၊ သခွားအရောင်း အ၀ယ်လောကနဲ့ ဆပ်စပ်နေတဲ့ ကုန်သည် တွေအပါအ၀င် မည်သူမဆို ရှယ်ယာထည့်ဝင်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖရဲ၊ သခွားတွေကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာ  အဓိက စိုက်ပျိုးနေကြတာပါ။ အဲ့ဒီ ဖရဲ၊ သခွားတွေကို တရုတ်ပြည်ကို ရောင်းချနိုင်ဖို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း ကို နေ့စဉ် ကုန်ကား အစီးရေ ရာချီဝင်ရောက် နေပါတယ်။ သတင်း - AMIA
4 years Ago
Up