အမ်နက်ဆီရီ

September 28, 2021

အာဆင်နယ်ပစ်မှတ် တိုက်စစ်မှူး အမ်နက်ဆီရီအတွက် ပေါင်သန်း ၄၀ ခန့် ဆီဗီလာ သတ်မှတ်

စပိန် လာလီဂါကလပ် ဆီဗီလာအသင်းဟာ အာဆင်နယ်က ခေါ်ယူလိုနေတဲ့တိုက်စစ်မှူး အမ်နက်ဆီရီ အတွက် စတာလင်ပေါင်သန်း ၄၀ နီးပါးစျေးနှုန်းသတ်မှတ်ထားပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး လာကာဇက်နေရာကို အစားထိုးဖို့အတွက် ဆီဗီလာက မော်ရိုကိုတိုက်စစ်မှူး အမ်နက်ဆီရီကို ပစ်မှတ်ထားနေတာပါ။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ  မနှစ်က လီဟီနက်ဇ်အသင်းကနေ ပေါင် ၁၇ သန်းနဲ့ ဆီဗီလာအသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။ 

ဆီဗီလာအတွက်စုစုပေါင်း ၈၅ ပွဲမှာ ၃၃ ဂိုးသွင်းယူထားတဲ့ အမ်နက်ဆီရီကို ဆီဗီလာအသင်းက ပေါင် ၃၈ သန်းခွဲသတ်မှတ်ထားတယ်လို့ စပိန်မီဒီယာ မန်ဒိုဒီပို့တီဗိုက ဖော်ပြခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး အာဆင်နယ်အသင်းအနေနဲ့ ဆီဗီလာရဲ့စျေးနှုန်းအပေါ် ဆွေးနွေးသွားရဖို့ရှိနေပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို တော့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

2 months Ago
Up