အပြုသဘောရှုမြင်

January 26, 2020

ဗြိတိန်နှင့်ကုန်သွယ်ရေးအခွင့်အလမ်း အပြုသဘောရှုမြင်ဟု အမေရိကန်ဝန်ကြီး ပြော 

အမေရိကန်နဲ့ ဗြိတိန်တို့ကြား ကုန်သွယ်ရေး သဘောတူညီချက် ဒီနှစ်ထဲရဖို့ အခွင့်အလမ်းနဲ့ ပတ်သက်ပြီး အပြုသဘော ရှုမြင်ထားတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနူချင်က ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ “ဒီအရေးကို ဆွေးနွေးဖို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးနဲ့ အစောပိုင်းက တွေ့ပြီးပြီ။ ဒီနှစ်ထဲမှာ အပြီးဆောင်ရွက်ဖို့ ကြိုးစားနိုင်ရေး အာရုံစိုက်ခဲ့တယ်။ ဒါဟာ ကျနော်တို့ နှစ်ယောက်လုံးအတွက် အရေးကြီးတယ်”လို့လည်း သူက ပြောပါတယ်။ ဗြိတိန်မြို့တော် လန်ဒန်မှာရှိတဲ့ နိုင်ငံတကာရေးရာဆိုင်ရာ တော်ဝင်အဖွဲ့ ချာသမ်ဟောက်စ်မှာ ကျင်းပတဲ့ ပွဲစဉ်အတွင်း သူက ခုလို ပြောလိုက်တာပါ။ “အမေရိကန်နဲ့မဆွေးနွေးခင် ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ တချို့အရေးကိစ္စတွေကို အပြီးသတ် လုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်မယ်။ ဒါပေမဲ့ ဒီအရေးကြောင့်တော့ နှောင့်နှေးနေဖို့အကြောင်း မမြင်ဘူး” လို့ ဝန်ကြီး မနူချင်က ပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ကြားမှာ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို အကြီးအကျယ် ဆက်လုပ်ဖို့ မျှော်လင့်ပြီး ကုန်သွယ်ရေး သိသိသာသာ ပိုလာမယ်လို့ ထင်ကြောင်းလည်း မနူချင်က ပြောပါတယ်။
1 year Ago
Up