အန်အယ်လ်ဒီပါတီဝင်

September 11, 2021

သပိတ်ကျင်းမြို့နယ်၌ အန်အယ်လ်ဒီပါတီဝင် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ  အလုပ်အမှုဆောင်တယောက်အပါအဝင် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က   ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ဒီမနက် ၁၀ နာရီလောက်က ဖမ်းဆီးသွားတာဖြစ်ပြီး သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့  သိရပါတယ်။

ဒေသခံတယောက်က  “ကြာညှပ်ရွာ အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ကိုသန်းလှိုင်ဝင်းကို ရဲတပ်သား ဇော်မျိုးအောင်က စလောင်းပြင်စရာရှိလို့ လိုက်ခဲ့ပါဆိုပြီး လိမ်ခေါ်သွားတာ။ နောက် ရွာသား ၂ ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းစိုးနဲ့ ကိုဝင်းအောင်တို့ကိုကျတော့ အိမ်တွေကိုလည်း ဝင်ရှာတယ်။ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့ ဖမ်းသွားတယ်။ သူတို့ကို PDF တွေလို့ စွပ်စွဲတာ။ မဟုတ်ဘဲနဲ့” လို့ ပြောပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေကို ဘယ်ကို ခေါ်သွားမှန်းမသိရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ကြာညှပ်ရွာနားမှာ အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၇ စီးလောက် ဆိုက်ကပ်ထားတာကြောင့်လည်း ကျေးရွာနေသူတွေ ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

6 days Ago

July 8, 2021

မော်လမြိုင်တွင် အန်အယ်လ်ဒီပါတီဝင်အပါအဝင် ၁၁ ဦးကို ခြိမ်းခြောက်စာကပ်

မွန်ပြည်နယ် မော်လမြိုင်ရဲ့ ရပ်ကွက်တချို့က လူစည်းကားရာ နေရာတွေမှာ ပျူစောထီး အဖွဲ့က ခြိမ်းခြောက်စာ ဗီနိုင်းတွေကို  လိုက်ကပ်နေတယ်လို့ မြို့ခံဒေသခံတွေက ပြောပါတယ်။

ပျူစောထီးအဖွဲ့ရဲ့ ခြိမ်းခြောက်စာမှာတော့ မော်လမြိုင်မြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင် ဦးစိုးဝင်းအောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို ခြိမ်းခြောက်ထားတာပါ။

ဒီလူပုဂ္ဂိုလ် ၁၁ ဦးဟာ အဖျက်မှောင့်လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပျူစောထီးအဖွဲ့က စွပ်စွဲထားပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ဒီလူပုဂ္ဂိုလ် ၁၁ ဦးကို အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုထားပါတယ်။

ပျူစောထီးအဖွဲ့ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်နွယ်စိုး နေအိမ်အတွင်း ဝင်ရောက်ပြီး ခြိမ်းခြောက်စာကပ်ခဲ့ပါသေးတယ်။

2 months Ago
More News
Up