အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရန် အီတလီနည်းပြ ငြင်းဆန်

March 22, 2016

အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရန် အီတလီနည်းပြ ငြင်းဆန်

အီတလီလက်ရွေးစင်အသင်းနည်းပြ အန်တိုနီယို ကွန်တီက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ပြောဆိုဖို့ ငြင်းဆန်သွားပါတယ်။ နည်းပြ ကွန်တီအနေနဲ့ လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲပြီးရင် အီတလီအသင်းကနေ ထွက်ခွာပြီး ကလပ်အသင်းတွေမှာ နည်းပြ ပြန်လုပ်တော့မယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့တပတ်တည်းမှာ ကွန်တီက လာမယ့် နွေရာသီမှာ လက်ရွေးစင်အသင်းကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အသက် ၄၆ နှစ်အရွယ် နည်းပြကို ချဲလ်ဆီးအသင်းက ချိတ်ဆက်မှုတွေ လုပ်နေတယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်း ဖော်ပြထားပါတယ်။ သူဟာ ၂၀၁၄ မှာ ဂျူဗင်တပ်အသင်းကနေ နုတ်ထွက်ပြီး အီတလီနည်းပြ တာဝန်ကို ယူခဲ့ပါတယ်။ ကွန်တီရဲ့ လက်ရွေးစင်အသင်းနဲ့ စာချုပ်သက်တမ်းဟာလည်း ယူရို ၂၀၁၆ အပြီးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
5 years Ago
Up