အဓိကကစားသမား

August 24, 2020

ဘာစီလိုနာ အဓိကကစားသမားများ ထွက်ခွာမှု အဖြေမဟုတ်ဟု ရော်နယ်ဒို သတိပေး

အဓိက ကစားသမားတွေ အသင်းကနေ ထွက်ခွာတာက ဘာစီလိုနာအတွက် အဖြေတခုမဟုတ်ဘူးလို့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်  နယ် ဒိုကပြောပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာပါ။  အသင်းခေါင်းဆောင် မက်ဆီကို ဆက်ထိန်းဖို့ ကြိုးပမ်းနေရသလို တခြားအဓိကကစားသမားတွေကိုလည်း အသင်းကနေ ရောင်းထုတ်သွားဖို့ရှိနေတာပါ။  မက်ဆီကို ဘယ်လိုအကြောင်းကိစ္စနဲ့မှ အသင်းကနေ ထွက်ခွာခွင့်မပေးသင့်ဘဲ  အသင်းနဲ့ ခွဲခြားမရတဲ့ ကစားသမားလည်းဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။  ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်ရာသီအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရမှာ မှန်ပေမယ့် အဓိကကစားသမားတွေ အသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ ကောင်းမွန်တဲ့အဖြေမဟုတ်ကြောင်း ရော်နယ်ဒိုက သုံးသပ်ခဲ့ပါတယ်။
9 months Ago

February 27, 2020

လီဗာပူးအနေဖြင့် ဗန်ဒိုက်ကို ဆုံးရှုံးရမှာစိုးရိမ်သင့် 

လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ ‌နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို ဆုံးရှုံးရမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ လီဗာပူး ကွင်းလယ်လူဟောင်း ပေါလ်အင့်က ပြောလိုက်ပါတယ်။  ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ ငွေသုံးကြမ်းမှုတွေကြောင့် ယာဂန်ကလော့ပ်ရဲ့ အသင်းကိုအခုလို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ဥရောပချန်ပီယံအဖြစ် ရှိနေပေမယ့် သူတို့ရဲ့ဘဏ္ဍာရေးစွမ်းရည်ဟာ စပိန်အင်အားကြီးအသင်းတွေကို ယှဉ်ပြိုင်ဖို့ ခက်ခဲကြောင်း၊ အသင်းရဲ့ အဓိက ကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ဆုဖလားကိုတွေကို အဆက်မပြတ် ဆွတ်ခူးနေဖို့ လိုအပ်ကြောင်း လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူက သတိပေးလိုက်ပါတယ်။  လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ၁၅ မှတ်သာ လိုအပ်တော့ပေမယ့် အသင်းကောင်းတသင်း ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ အောင်မြင်မှုတွေကို အဆက်မပြတ် ဆွတ်ခူးဖို့ အသင်းလူစာရင်းကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တယ်လို့ ပေါလ်အင့်က ယူဆနေပါတယ်။  “လီဗာပူး ကစားသမားတွေနဲ့ ယာဂန်ကလော့ပ်ဟာ သူမတူတဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ အသင်းကြီးတွေဟာ ဆုဖလားတွေကို နှစ်စဉ်နှစ်တိုင်း ဆွတ်ခူးနိုင်ဖို့ လိုအပ်ပါတယ်” လို့ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ လီဗာပူးမှာ ကစားခဲ့တဲ့ ပါလ်အင့်က ပြောပါတယ်။  “သူတို့မှာ ဒီလို ဆွတ်ခူးနိုင်ဖို့အတွက်လည်း အခွင့်အရေးရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့ အောင်မြင်မှုကို ပြန်လည်ကြည့်ရှုဖို့ လိုအပ်ပါမယ်။ နောက်ထပ်မေးခွန်းတခုကတော့ လီဗာပူးအသင်းအနေနဲ့ အနာဂတ်ကာလမှာ ဒီထက်ပိုပြီး ကောင်းမွန်လာအောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတာပါပဲ။ လီဗာပူးအသင်းမှာ အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းဖို့ လိုအပ်နေပါတယ်”လို့လည်း ပေါလ်အင့်က ပြောပါတယ်။ ယူနိုက်တက်အသင်းနဲ့အတူ စီရော်နယ်ဒို Ballon d’Or ရရှိခဲ့ပြီးနောက် ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းက တော်ကောက်သွားခဲ့ခြင်းနဲ့ ခိုင်းနှိုင်းကာ အခုလို ပြောသွားတာလည်း ဖြစ်ပါတယ်။
1 year Ago
Up