အဓမ္မပြုကျင့်မှု

October 13, 2020

ဘင်္ဂလားဒေ့ရှ်တွင် အဓမ္မပြုကျင့်မှုကို သေဒဏ်ချမှတ်မည်

ဘင်္ဂလားဒေ့ရှ်မှာ  အဓမ္မပြုကျင့်မှုတွေကို  သေဒဏ်ချမှတ်သွားတော့မယ်လို့ အောက်တိုဘာ ၁၂ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  အသက်  ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဂိုဏ်းဖွဲ့လိင်ပိုင်း စော်ကားတဲ့ ဗွီဒီယိုဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူအတော်များများ ဒေါသဖြစ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးချက်အရ အရှေ့တောင်ပိုင်း နိုဝါ့ခါလင်မ်ခရိုင်မှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးဟာ ထပ်တလဲလဲ အဓမ္မပြုကျင့် အကြမ်းဖက်ခံရတာကို တွေ့ရှိခဲ့ပါတယ်။ ဗွီဒီယိုထွက်ပေါ်ခဲ့ပြီးနောက် အမျိုးသား ၈ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သေဒဏ်ဥပဒေ ပြဋ္ဌာန်းမယ့်အမိန့်ကို သမ္မတ ထုတ်ပြန်လိမ့်မယ်လို့ ဥပဒေရေးရာဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။ ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ အဓမ္မပြုကျင့်မှုပေါင်း ၁,၀၀၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ကဲ့ရဲ့ပြစ်တင်မှာ ကြောက်ရွံ့တာမို့ အမျိုးသမီးတွေက အမှုတော်တော်များများကို  မတိုင်တန်းခဲ့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
7 months Ago

July 20, 2020

၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၇ တန်း ကျောင်းသားကို အမှုဖွင့်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာမှာ ဇူလိုင် ၁၉ ရက်နေ့က ၄ နှစ် မိန်းကလေးငယ်ကို ၇ တန်းကျောင်းသားက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားတယ်လို့ ခမုံဆိပ်နယ်မြေရဲစခန်း နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ဝေလွင်က ပြောပါတယ်။ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိခင်အိပ်ပျော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားက အိမ်နောက်ဘက် ချဉ်ပေါင်ခင်းထဲ ခေါ်ယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “ပြုကျင့်တဲ့ ကောင်လေးကလည်း အသက်မပြည့်သေးတဲ့သူ ဖြစ်တာကြောင့် တရားရုံးမှာ ချက်ချင်း ရမန်ယူရမှာ ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ကျနော်တို့ တရားသူကြီးကို ​အကြောင်းကြားထားပါတယ်။ ရာဇဝတ်မှုကြီးဖြစ်တဲ့အတွက် သူ့ကို စခန်းက အရာရှိအိမ်တခုမှာ ထိန်းသိမ်းထားပါတယ်။ မနက်ဖြန် ရုံးဖွင့်တဲ့အခါမှ ကလေးသူငယ်တရားရုံးမှာ ရမန်ယူရမှာ ဖြစ်ပါတယ်။”  အမှုကို ခမုံဆိပ်နယ်မြေရဲစခန်းမှာ မိခင်ဖြစ်သူ မမိုးမိုးက တရားလိုပြုလုပ် တိုင်တန်းတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း အခုအမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၄ ခုနဲ့ မုဒိမ်းမှု ၂၊ စုစုပေါင်း ၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အများအားဖြင့် ကျေးရွာတွေကပဲ ဖြစ်တယ်လို့ သိရပါတယ်။ ​ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်သာယာဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY-Group) ရဲ့ ဒါရိုက်တာ ဒေါ်သက်စုရီက “သက်ငယ်မုဒိမ်းတွေဟာ ကျေးလက်နေပြည်သူတွေကြားမှာ အခု တွေ့လာရပါတယ်။ အဓိကကတော့ အရွယ်ရောက်စ ဆယ်ကျော်သက်ကလေးတွေက အရာရာကို လက်တွေ့စမ်းသပ်ချင်ကြတဲ့ အ​နေအထားမှာ ပတ်ဝန်းကျင်နဲ့ မိဘက စောင့်ကြည့်သွန်သင်ပေးဖို့ အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ဘဲ sex အကြောင်းဆိုရင် ရှောင်နေကြပြီး၊ sex education ကို သိရမယ့် အသိဉာဏ်​ဆင်ခြင်မှုတွေအစား တလွဲတွေ သိလာကြတယ်၊ phone တွေထဲမှာလည်း sex movies တွေက လွယ်လွယ်ကူကူ ကြည့်လို့ရနေတော့ အတုခိုးမှားပြီး၊ လွယ်လွယ်ပဲ ကျူးလွန်မိတာပေါ့” လို့ ပြောပါတယ်။ ဝဏ္ဏထွန်း
10 months Ago
More News
Up