အထက(၁)

June 3, 2021

သံဖြူဇရပ် အထက(၁)စာသင်ကျောင်းတွင် ချိန်ကိုက်မိုင်း ၃ လုံး တွေ့

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းမှာ ဇွန်လ ၃ ရက် မနက်ပိုင်းက ချိန်ကိုက် လက်လုပ်မိုင်း ၃ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

ဒီချိန်ကိုက် လက်လုပ်မိုင်းတွေကို စစ်တပ်က လာရောက်ရှင်းလင်းခဲ့ပြီး စာသင်ကျောင်းကိုလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အဖွဲ့တွေကတော့  စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရူတ်ချတယ်လို့ ကြေညာထားပါတယ်။

ဒါအပြင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကလည်း စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်မှုကို လက်မခံကြောင်း ဇွန်လ ၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။

6 months Ago
Up