အထက်တန်းကျောင်း

July 5, 2021

ပေါက်မြို့ အထက်တန်းကျောင်းတွင် အသံဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ပေါက်မြို့ရှိ အ.ထ.က ကျောင်းဝင်းထဲမှာ ဇူလိုင် ၅ ရက်  ဒီနေ့ မနက်ပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ဒေသခံတစ်ဦးက '' မနက် ၉ နာရီလောက်က ပေါက်တာပါ။ အသံကတော့ အကျယ်ကြီးပဲ။ အသံဗုံးဖြစ်မယ်ဗျ။ ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးပါဘူး'' လို့ ပြောပါတယ်။

အဆိုပါကျောင်းမှာ အရင်က စစ်တပ်ကတပ်စွဲထားပြီး အခုကျောင်းဖွင့်ချိန်မှာတော့ တပ်စွဲထားတာမရှိတော့ဘဲ  လုံခြုံရေးစစ်သားတွေရှိနေတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

3 months Ago

June 22, 2021

မိုးမောက်မြို့က အထက်တန်းကျောင်းတွင် ဗုံးပေါက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ  ဇွန်လ ၂၂ ရက် မနက်ပိုင်းက အထက်တန်းကျောင်းထဲ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

မိုးမောက်အထက်တန်းကျောင်းထဲမှာ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းဆောင် အစိတ်ပိုင်း တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်လာကာ စစ်ဆေးနေပြီး ကျောင်းသားတွေကို ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

3 months Ago
More News
Up