အတိုင်ပင်ခံလုပ်ငန်း

June 27, 2021

ဖလော်ရီဒါကွန်ဒိုမပြိုကျမီ ၃ နှစ်ကြို၍ သတိပေးခဲ့ဟု အတိုင်ပင်ခံလုပ်ငန်းပြော

အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းက ကွန်ဒိုမီနီယံအဆောက်အအုံတစ်လုံး ပြိုကျလို့ လူသေတဲ့ဖြစ်စဉ် မတိုင်ခင် လွန်ခဲ့တဲ့ ၃ နှစ်တည်းက အဆောက်အအုံမှာ အကြီးစား အပျက်အစီးရှိတဲ့ သက်သေတွေ ရှိတယ်ဆိုတာ အတိုင်ပင်ခံလုပ်ငန်းက သတိပေးခဲ့ပြီးပြီလို့ ဇွန် ၂၆ ရက် နယူးယောက်တိုင်းမ်စ်သတင်းဌာနမှာ ဖော်ပြပါတယ်။

 “အဆောက်အအုံရဲ့ ရေကူးကန်အောက်က ကွန်ကရစ်ကြမ်းခင်းပြားမှာ အပျက်အစီး ရှိနေတယ်၊ မြေအောက် ယာဉ်ရပ်နားစခန်းမှာ အက်ကွဲကြောင်း ရှိနေတယ်ဆိုတာ လွန်ခဲ့တဲ့ ၃နှစ်တည်းက သတိပေးပြီးသား” လို့ ဆိုပါတယ်။

 ပြန်လည်ပြင်ဆင်ရေး စီမံကိန်းအတွက် အစီအစဉ်တွေကို ပုံဖော်ရာမှာ ကူညီသူ အတိုင်ပင်ခံ အင်ဂျင်နီယာ ဖရန့်ခ် မိုရာဘိတိုက ဒီအဆောက်အအုံကို မကြာခင် ပြင်ဆင်ဖို့ ၂၀၁၈ အောက်တိုဘာမှာ သတ်မှတ်ခဲ့အပြီး အဆောက်အအုံဆိုင်ရာ မန်နေဂျာတွေကို သတိပေးခဲ့တာလို့ ဆိုပါတယ်။

မိုင်ယာမီဆင်ခြေဖုံးက ၁၂ ထပ်အဆောက်အုံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဟာ နေထိုင်သူတွေ အိပ်ပျော်နေတုန်း ဇွန် ၂၄ ရက်နေ့က ရုတ်တရက် ပြိုကျခဲ့တာပါ။

 ဘာကြောင့် ပြိုကျတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေး ပါဘူး။ ဒီပြိုကျမှု ကြောင့် လူ ၄ ယောက် သေဆုံးကြောင်း အတည်ပြုထားပြီး ကျန်လူ ၁၅၉ ယောက် ဘာဖြစ်သွားလဲဆိုတာ မသိရသေးပါဘူး။ 

မတည်ငြိမ်တဲ့ အပျက်အစီးပုံကြီးကို ရှာဖွေကယ်ဆယ်ရေးသမားတွေ နေ့ရောညပါ ရှာဖွေနေကြပါတယ်။

4 months Ago
Up