အတိုက်အခံပါတီ

October 31, 2020

တန်ဇန်နီးယား ရွေးကောက်ပွဲတွင် လက်ရှိသမ္မတအနိုင်ရ၊ အတိုက်အခံပါတီက ပယ်ချ

တန်ဇန်နီးယား အထွေထွေရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျွန်မာဂူဗူလီ ပြန်အရွေးခံရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ  ၃၀ ရက်မှာ ကြေညာပါတယ်။  အောက်တိုဘာ ၂၈ ရက်က လုပ်တဲ့ရွေးကောက်ပွဲမှာ  သမ္မတ မာဂူဗူလီက မဲအရေအတွက်  ၁၂ ဒသမ ၅ သန်း ရရှိပြီး  သူရဲ့ အဓိကပြိုင်ဘက် ချန်ဒယ်မာပါတီက တွန်ဒူလီဆူကတော့ မဲအရေအတွက် ၁ ဒသမ ၉ သန်းရရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။  ဒီရွေးကောက်ပွဲမှာ မူမမှန်တာတွေ အများအပြားရှိတာမို့ အယောင်ဆောင် ရွေးကောက်ပွဲသာ ဖြစ်တယ်ဆိုပြီး အတိုက်အခံပါတီက ပယ်ချထားပါတယ်။  အတိုက်အခံခေါင်းဆောင် လီဆူကတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။  အောက်တိုဘာလ ၂၉ ရက်မှာတော့ ဇန်ဇီဘာဒေသမှာ အတိုက်အခံပါတီဝင် ဒါဇင်ချီ အဖမ်းခံရပြီး အဲဒီထဲက တစ်ယောက်ထက်မနည်းဟာ ရဲတွေ ရိုက်နှက်လို့ရတဲ့ ဒဏ်ရာ အများအပြားနဲ့ ဆေးရုံတင်ထားရပါတယ်။  အထွေထွေရွေးကောက်ပွဲမှာ ဇန်ဇီဘာဒေသက အဓိကအတိုက်အခံပါတီ ခေါင်းဆောင် ဂျီတော်ကာဘွယ်၊ အေစီဒီ ဝါဇာလန်ဒိုနဲ့ လွှတ်တော်ထဲ ရောက်နေတဲ့ ချန်ဒယ်မာပါတီ ခေါင်းဆောင်တို့ဟာလည်း လွှတ်တော်အမတ်နေရာတွေမှာ အာဏရပါတီကို ရှုံးနိမ့်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago

August 4, 2020

ဗင်နီဇွဲလားလွှတ်တော်ရွေးကောက်ပွဲကို အတိုက်အခံပါတီများက သပိတ်မှောက်

လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ ကျင်းပမယ့် ဗင်နီဇွဲလားလွှတ်တော်ရွေးကောက်ပွဲကို  သပိတ်မှောက်ကြဖို့ အဓိကအတိုက်အခံပါတီတွေက သြဂုတ် ၂ ရက်မှာ ကတိပြုလိုက်ပါတယ်။    ရွေးကောက်ပွဲကို အာဏာရ ဆိုရှယ်လစ်ပါတီက မသမာလုပ်ပြီး ရွေးကောက်ပွဲဝင်တာဟာ အာဏာရှင်အစိုးရရဲ့ မဟာဗျူဟာကို ပူးပေါင်းဆောင်ရွက်ရာကျတယ်လို့ ဗင်နီဇွဲလားအတိုက်အခံ ပါတီတွေက ပြောပါတယ်။  သမ္မတ မာဒူရိုအစိုးရဟာ အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE)နဲ့ အတိုက်အခံပါတီတွေပေါ်မှာ မကြာသေးခင်က    ဆက်တိုက်နှောင့်ယှက်မှုတွေ လုပ်ပြီးနောက်မှာ အခုလို ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ အများက မျှော်လင့်ထားကြပါတယ်။ မာဒူရို ပြန်ရွေးကောက်ခံရတဲ့ ၂၀၁၈ ရွေးကောက်ပွဲတုန်းကလည်း အတိုက်အခံပါတီတွေက အလားတူအကြောင်းပြချက်နဲ့ သပိတ်မှောက်ခဲ့ပြီး အခုတော့ မာဒူရိုကို ရာထူးလုသူတစ်ယောက်အဖြစ် နာမည်တပ်ထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့လုပ်ရပ်က အမျိုးသားလွှတ်တော်မှာ အတိုက်အခံ လွှမ်းမိုးတာကို ဆုံးရှုံးစေနိုင်ပြီး အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုရဲ့ ရပ်တည်ချက်ကို ရှုပ်ထွေးစေနိုင်ပါတယ်။ အတိုက်အခံပါတီတွေရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ လုပ်ရပ်အပေါ် မှတ်ချက်ပြုပေးဖို့ အစိုးရကို မေးရာမှာတော့ ဗင်နီဇွဲလား ပြန်ကြားရေးဌာနက ချက်ချင်း မဖြေကြားခဲ့ပါဘူး။ သမ္မတ မာဒူရိုကတော့ ဟွယ်ဒိုဟာ သူ့ကို အာဏာသိမ်း ရာထူးကဖြုတ်ချလိုတဲ့ အမေရိကန် အစိုးရရဲ့ ရုပ်သေးရုပ်လို့ ခေါ်ဆိုပြီး အတိုက်အခံတွေဟာ ရွေးကောက်ပွဲမှာ ရှုံးမှာကို သိတဲ့အတွက် သပိတ်မှောက်တာဖြစ်တယ်လို့  စောကဒတက်ခဲ့ပါတယ်။
11 months Ago
More News
Up