အတည်ပြုလူနာ

June 14, 2021

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ထပ်မံ သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်က ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦး ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာဟာ မော်လမြိုင်မြို့နေ အသက် ၆၁ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး၊ မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက အသက် ၆၉ နှစ်အရွယ် ကိုဗစ် အတည်ပြုလူနာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ ဇွန်လ ၁‌၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ  အယောက် ၂၀ ကျော်ရှိလာပြီး ၊ သူတို့ အားလုံးကို အရပ်ဘက်ဆေးရုံသို့ ပြန်ပြောင်းကုသပေးဖို့ စီစဉ်နေပါတယ်။

1 week Ago

January 22, 2021

ကိုဗစ်-၁၉လူနာသစ် ၄၂၅ ဦး၊ သေဆုံးသူ ၁၈ ဦးထပ်တိုး  

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၂၅ ယောက်နဲ့ သေဆုံးသူ ၁၈ ယောက် ထပ်တိုးလာတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၈ ယောက်အနက်၁၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇,၆၉၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၂၅ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ အယောက် ၅၇၀ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၂၈ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၂၄၂ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၅၄၄ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၆,၅၉၁ ယောက်၊ သေဆုံးသူ ၃,၀၃၁ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၀,၅၄၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
5 months Ago
More News
Up