အဆောက်အဦ

March 24, 2020

ပြည်ပမှ ပြန်လာသူ ၃၇ ဦးအား ဧရာဝတီဘဏ်ပိုင် အဆောက်အဦတွင် နေရာချ စောင့်ကြည့် 

ပြည်ပခရီးစဉ်များမှ လေကြောင်းလိုင်း ၃ ခုနဲ့ မတ် ၂၃ ရက် နေ့လယ်ပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည် ၃၇ ဦးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ AYA Bank Training Center ဘေးရှိ ဧရာဝတီဘဏ်ပိုင် အဆောက်အဦမှာ Covid19 စောင့်ကြည့်လူနာအဖြစ် စစ်ဆေးဖို့ နေရာချထားတယ်လို့ သိရပါတယ်။ အထပ် ၆ ထပ်ပါ အဆိုပါအဆောက်အဦ ၂ ခုအနက် တလုံးမှာ ရောက်လာတဲ့ ခရီးသည် ၃၇ ဦး နေထိုင်ကြပြီး ပြည်ကနေ နောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ဆက်လက်လက်ခံသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက်  ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ Photo - Kyaw Swar Tun / MPA
1 year Ago

December 28, 2019

ရှင်းလိုင်း အဆောက်အဦ ပန္နက်တင်အခမ်းအနား အတိုင်ပင်ခံတက်ရောက် (ဓာတ်ပုံ)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လေးထောင့်ကန်ရပ်ကွက်က Shin Rai International Vocational Institute ပန္နက်တင်အခမ်းအနားကို ဒီနေ့မနက်ပိုင်း ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ ရှင်းလိုင်း နိုင်ငံတကာ အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်း (Shin Rai International Vocational institute) ဟာ မြန်မာနိုင်ငံသားပိုင် ဒဲလ်ကိုလီမိတက်နဲ့ ဂျပန်နိုင်ငံ ယိုရှိအိုကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင်ထားတာလို့ သိရပါတယ်။
1 year Ago
Up