အဆင့် ၇

December 11, 2019

ဆီးဂိမ်းစ်ပြိုင်ပွဲ ‌ဆုတံဆိပ်ရရှိမှု မြန်မာက အဆင့် ၇ နေရာတွင် ရပ်တည်

အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပပြီးစီးချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအလိုက် ‌ဆုတံဆိပ်ရရှိမှုမှာတော့ အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့‌ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့ ပြိုင်ပွဲပြီးဆုံးဖို့ တရက်အလိုမှာ မြန်မာနိုင်ငံထက် ရွှေတံဆိပ် တဆု ပိုရနေခဲ့ပေမယ့် နောက်ဆုံးနေ့မှာတော့ မြန်မာနိုင်ငံအတွက် ၄ ဆုမြောက်ဆုတံဆိပ်ကို ဘိလိယက် 9ball pool တဦးချင်းကနေ ဖုန်းမြင့်ကျော်(ခ)အားတီက ရွှေတံဆိပ်တဆု ထပ်မံဆွတ်ခူးပေးခဲ့ပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲအားလုံး ပြီးဆုံးချိန်မှာ ဆုတံဆိပ်ရရှိမှုအနေ‌နဲ့ ရွှေတံဆိပ် ၄ ဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၅၁ ဆု ရရှိပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်သွားခဲ့တာပါ။ မြန်မာအားကစားအဖွဲ့ဟာ အခုပြိုင်ပွဲမတိုင်ခင်က ရွှေတံဆိပ် ၁၀ ခုနဲ့အထက် မျှော်မှန်းခဲ့ပေမယ့် လက်ရှိမှာတော့ ရွှေတံဆိပ်ဆု ၄ ဆုပဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
1 year Ago

December 3, 2019

ဆီးဂိမ်းစ်ပြိုင်ပွဲတွင်  မြန်မာ ပထမဆုံး​ရွှေတံဆိပ်ဆုရရှိ၊ နို်ငငံအလိုက် အဆင့် ၇ ကိုတက်လာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းစ်မှာ မြန်မာနိုင်ငံအတွက်  ပထမဆုံး​ရွှေတံဆိပ်ကို အားနစ်အားကစားနည်းကနေ ဆွတ်ခူးရရှိသွားပါတယ်။ (ARNIS) အားနစ်အားကစား အမျိုးသမီးရိုးရာအပြပြိုင်ပွဲမှာ မြန်မာအားကစားသမား  မအိန္ဒြေဖူးက အိမ်ရှင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ကစားသမားတွေကို ကျော်ဖြတ်ပြီး ရမှတ်အများဆုံးနဲ့ ​ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ အားနစ်အားကစားနည်းကနေ ငွေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၆ ခု ရရှိထားပါတယ်။ ခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့် ၉ မှာ ရပ်တည်နေရာက ရွှေ ၁ ခု၊ ငွေ ၅ ခု၊ ကြေး ၁၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၄ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ ကို တက်လာခဲ့ပါတယ်။ ဓာတ်ပုံ- အားကာ
1 year Ago
Up