အဆင့်မြင့်လက်နက်စနစ်

October 20, 2021

တရုတ် အဆင့်မြင့်လက်နက်စနစ် တီထွင်မှုကို အမေရိကန် အနီးကပ်စောင့်ကြည့်နေ

ပိုခိုင်မာတဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်ကြောင့် ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေကို အကဲဖြတ်ဖို့ တရုတ်ရဲ့ စစ်ဘက်ခေတ်မီရေးအစီအစဉ်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် ကာကွယ်ရေးယန်ကြီး လွိုက်ဒ်အော်စတင်က အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

တရုတ်က ဇူလိုင်လထဲမှာ စမ်းသပ်ခဲ့တာဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ အသံထက် မြန်တဲ့ ဒုံးကျည် မဟုတ်ဘဲ အာကာသယာဉ်ကိုသာ စမ်းသပ်ခဲ့တာလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်ဟာ အာကာသထဲထိ ပျံသန်းနိုင်တဲ့ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ခဲ့တယ်။ ဒီဒုံးကျည်ဟာ ကမ္ဘာကိုပတ်ရင်း အရှိန်မှန်မှန်နဲ့ သွားအပြီးမှာ သူ့ပစ်မှတ်ကို ထိမှန်အောင် ပစ်ချနိုင်တယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးသူ ငါးယောက်ကို ကိုးကားပြီး Financial Times သတင်းဌာနက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြပါတယ်။

“ဒါဟာ ဒုံးကျည် မဟုတ်ဘဲ အာကာသယာဉ်သာ ဖြစ်ပြီး အာကာသယာဉ်တွေကို ပြန်သုံးဖို့ နည်းပညာစမ်းသပ်ရေး ရည်မှန်းချက်အတွက် ပုံမှန် စမ်းသပ်ချက်သာ ဖြစ်တယ်။ ဒါ့အပြင် စမ်းသပ်ခဲ့တဲ့အချိန်က ဇူလိုင်လက ဖြစ်ပြီး Financial Times သတင်းဌာနက အစီရင်ခံသလို သြဂုတ်လက စမ်းသပ်ခဲ့တာ မဟုတ်ဘူး” လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ကတော့ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ အော်စတင်က မှတ်ချက်မပေးခဲ့ပါဘူး။

3 months Ago
Up