အစ္စရေးမြို့တော် ပစ်ခတ်မှု ၄ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

June 9, 2016

အစ္စရေးမြို့တော် ပစ်ခတ်မှု ၄ ဦးသေ၊ ၆ ဦး ဒဏ်ရာရ (ရုပ်သံ)

အစ္စရေးနိုင်ငံ တဲလ်အဲဗစ်မြို့လယ်က လူသိများတဲ့ ဈေးဝယ်တဲ့နေရာနဲ့ စားသောက်ဆိုင်တွေရှိတဲ့ နေရာမှာ ဇွန် ၈ ရက်နေ့ ညက သေနတ်သမား ၂ ဦး ပစ်ခတ်မှုကြောင့် ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၁ လကြာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေထဲက အဆိုးဝါးဆုံးဖြစ်ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနဲ့ စစ်တပ်ဌာနချုပ်ရှိတဲ့နေရာ အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဈေးက စားသောက်ဆိုင်နဲ့ အရက်ဆိုင်တွေမှာ လူတွေ အနားယူနေတဲ့အချိန် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက အနောက်ဘက်ကမ်း ဟာဘရွန်မြို့အနီး ရွာက ပါလက်စတိုင်း လက်နက်ကိုင်တွေလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။ လက်နက်ကိုင် ၂ ဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သလို တဦးကတော့ အချုပ်ထဲမှာဖြစ်ပြီး တဦးကတော့ ခွဲစိတ်ကုသခံနေရတယ်လို့ ဆိုပါတယ်။
5 years Ago
Up