အစားထိုး

December 25, 2020

ထရစ်ပီယာနေရာ မိန့်လန်နိုင်းစ်နှင့် အစားထိုးရန် အက်သလက်တီကို စီစဉ်

အက်သလက်တီကိုအသင်းဟာ ထရစ်ပီယာရဲ့ နေရာအတွက် အာဆင်နယ်နောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  အင်္ဂလန်နောက်ခံလူ ထရစ်ပီယာဟာ လောင်းကစားဥပေဒနဲ့ပတ်သက်ပြီး ဘောလုံးလောက နဲ့ ၁၀ ပတ်ကြာ ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေပေါင်၇သောင်းလည်း တပ်ရိုက်ခံခဲ့ရတာပါ။  ဒါကြောင့် ညာနောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းက စိတ် ဝင်စားလာခဲ့တာဖြစ်ပါတယ်။ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်မှာလည်း ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် အာဆင်နယ် အသင်းဘက်က အငှားချ ဖို့စဉ်းစားနိုင်တယ်လို့ သိရပါတယ်။ 
4 months Ago

December 5, 2020

ဝီလ်နယ်ဒမ်းထွက်ခွာပါက ဘစ်ဆိုမာနှင့် အစားထိုးရန် လီဗာပူး ပစ်မှတ်ထား

ဝီလ်နယ်ဒမ်းထွက်ခွာပါက အစားထိုးဖို့အတွက် ဘရိုက်တန်ကွင်းလယ်လ ဘစ်ဆိုမာ ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ကြိုးပမ်းမယ်လို့ သိရပါတယ်။ ဟော်လန်ကွင်းလယ်လူ ဝီလ်နယ်ဒမ်းကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ခေါ်ယူချင်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောခဲ့ဖူးတာပါ။  အခုနှစ် အပြောင်းအရွှေ့မှာ မဖြစ်ခဲ့ပေမဲ့လည်း လာမယ့်ရာသီမှာ  ဖြစ်လာနိုင်တဲ့အတွက် အစားထိုးနိုင်မယ့် ကစားသမားအဖြစ် ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို နည်းပြကလော့ပ်က မျက်စိကျနေတာ ဖြစ်ပါတယ်။  အသက် ၂၄ နှစ်ရှိ မာလီလက်ရွေးစင် ဘစ်ဆိုမာဟာ ၂၀၁၈ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီ အသင်းကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။  ဘရိုက်တန်ကွင်းလယ်မှာ ခံစစ်ရော တိုက်စစ်ပါ အားကိုးရတာကြောင့် ဝီလ်နယ်ဒမ်း နေရာအတွက် အစားထိုးနိုင်မယ့်သူလို့ လီဗာပူး အယ်လ်ကိုသတင်းက ဖော်ပြပါတယ်။ ဘစ်ဆိုမာဟာ ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပါတယ်။ 
5 months Ago
More News
Up