အငှားစာချုပ်

September 12, 2020

ဘယ်လာရင်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ဘာစီလိုနာ‌ ကြိုးပမ်း

ဘာစီလိုနာအသင်းဟာ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။  ညာနောက်ခံလူနေရာမှာ ဆီမီဒို တဦးတည်းကိုသာ အသုံးပြုသွားဖို့ ရှိနေတာကြောင့် ဘယ်လာရင်ကို ပြန်လည်ခေါ်ယူဖို့ နည်းပြကိုးမန်းက ဆန္ဒရှိနေတယ်လို့ မာကာသတင်းစာက ဖော်ပြပါတယ်။  ဘဏ္ဍာရေးအခြေအနေအရ ဘယ်လာရင်ကို အပြီးသတ်ခေါ်ယူဖို့မရှိဘဲ အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ ဘာစီလိုနာဘက်က ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။  အာဆင်နယ်အသင်းဘက်ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးလိုအပ် နေတဲ့အတွက် အပြီးသတ်ရောင်းချတာမျိုးကို ပိုပြီး စိတ်ဝင်စားနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက ဘာစီလိုနာလူငယ်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လာရင်ဟာ အာဆင်နယ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိသေးတယ်လို့ သိရပါတယ်။
8 months Ago

July 28, 2020

ကော်တင်ညိုကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ရာသီစာချုပ်နဲ့ အငှားထွက် ကစားခဲ့တဲ့ ကော်တင်ညိုကို ဘာစီလိုနာအသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့လည်း အပြီးသတ် ခေါ်ယူမယ့်အသင်း မရှိတာကြောင့် အငှားစာချုပ်နဲ့ပဲ လက်လွှတ်ဖို့ ဘာစီလိုနာအသင်းက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  ကော်တင်ညိုကို တစ်ရာသီစာချုပ်နဲ့ အငှားခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ စုစုပေါင်း ကုန်ကျငွေ ယူရိုသန်း ၃၀ လောက် ပေးချေရနိုင်တာပါ။ အငှားစာချုပ်အတွက်  ဘာစီလိုနာကို ယူရို သန်း ၂၀ ပေးချေရမှာဖြစ်ပြီး ကော်တင်ညိုရဲ့ တစ်ရာသီစာ လုပ်ခက ယူရို ၁၀ သန်း ခန့်ရှိတာ ဖြစ်ပါတယ်။  ကော်တင်ညိုရဲ့ အေးဂျင့်ဖြစ်သူဟာ အာဆင်နယ်နဲ့ ဆက်သွယ်နေတယ်လို့ သတင်း ထွက်ပေါ်နေပြီး စပါးနဲ့ လက်စတာအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ကော်တင်ညိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နဲ့အတူ ၃၄ ပွဲ ကစားခဲ့ပြီး ၉ ဂိုးသွင်း၊ ၈ ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
10 months Ago
More News
Up