အငှားခေါ်ယူထားသည့် တိုက်စစ်မှူး ဟီဂွာအင်းကို ချဲလ်ဆီးဆက်ခေါ်ရန်မရှိ

July 2, 2019

အငှားခေါ်ယူထားသည့် တိုက်စစ်မှူး ဟီဂွါအင်ကို ချဲလ်ဆီးဆက်ခေါ်ရန်မရှိ

အငှားစာချုပ်နဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးဟီဂွါအင်ကို ဆက်ပြီး ခေါ်ယူမှာမဟုတ်ကြောင်း ချဲလ်ဆီးအသင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြဆာရီလက်ထက် ဟီဂွါအင်ကို တရာသီအငှားစာချုပ်နဲ့ ဂျူဗင်တပ်အသင်းကနေ ခေါ်ယူခဲ့တာပါ။ စာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့် ရှိနေပေမယ့် နည်းပြဆာရီဟာလည်း အသင်းကနေ ထွက်ခွါသွားတာကြောင့် ဟီဂွါအင်ကိုလည်း ထွက်ခွာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ဟီဂွါအင်အနေနဲ့ ဂျူဗင်တပ်အသင်းမှာ နည်းပြဆာရီနဲ့ ပြန်လည်လက်တွဲခွင့်ရမယ့်အခြေအနေမှာရှိပါတယ်။
2 years Ago
Up