အင်္ဂလန်

January 30, 2021

အင်္ဂလန်နိုင်ငံ ကိုဗန်ထရီမြို့တွင် မိုးပျံကားလေဆိပ် တည်ဆောက်မည်

အင်္ဂလန်အလယ်ပိုင်းက ကိုဗန်ထရီမြို့မှာ ဒီနှစ်နှောင်းပိုင်းဆိုရင် မိုးပျံကားလေဆိပ် ရှိလာတော့မှာပါ။

ကိုဗန်ထရီမြို့မှာ လုပ်မယ့် ပရောဂျက်တစ်ခုက လာမယ့်အနာဂတ် မြို့လယ်ကောင်မှာ မိုးပျံတက္ကစီတွေ ဘယ်လို ဆင်းတက်မလဲဆိုတာကို သရုပ်ပြ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် လုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Urban-Air Port ဟာ ဟွန်ဒိုင်းမော်တော်ကား ကုမ္ပဏီကြီးနဲ့ မိတ်ဖက်ပြုပြီး မိုးပျံကားလေဆိပ်တည်ဆောက်ရေးကို ဖန်တီးမှာပါ။

လာမယ့်နိုဝင်ဘာကစလို့ ကိုဗန်ထရီမြို့ကို လာရောက်လည်ပတ်သူတွေဟာ မိုးပျံကား လေဆိပ်က ဘယ်လိုပုံစံလဲဆိုတာကို မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ခရီးသည်တင် ဒရုန်းနဲ့ ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) ယာဉ်တွေ တက်ဆင်းတာကို မြင်ရတော့မှာပါ။

ကာဗွန်ထုတ်လွှတ်မှု သုညရှိတဲ့ယာဉ်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့အစိုးရ အစီအစဉ်အရ Urban-Air Port ကုမ္ပဏီကို ရွေးချယ်ခဲ့တာပါ။

ကိုဗန်ထရီမြို့လယ်ကောင်မှာ ယာယီမိုးပျံကားလေဆိပ် တည်ဆောက်ရေးအတွက်  Urban-Air Port ဟာ ထောက်ပံ့ကြေး ပေါင်ငွေ ၁ ဒသမ ၂ သန်း ရရှိထားပါတယ်။

Urban-Air Port တည်ထောင်သူ ရစ်ကီဆန်ဂျူးက မိုးပျံကား တီထွင်ရေးပိုင်း တိုးတက်မှု အများအပြားရနေချိန် မိုးပျံကားလေဆိပ်ဟာ လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်လို့  ပြောဆိုခဲ့ပါတယ်။

3 months Ago

January 5, 2021

အစုလိုက်ကာကွယ်ဆေးမထိုးနှံမီ အင်္ဂလန်တွင် လော့ဒေါင်းချ

အစုလိုက်ကာကွယ်ဆေးထိုးနှံရေးမလုပ်မီ ကျန်းမာရေးစနစ်တွေကို ဝန်ပိစေမယ့် ကိုဗစ်ကူးစက်တာတွေ နှေးကွေးစေဖို့ အင်္ဂလန်တစ်ခုလုံး လော့ဒေါင်းချလိုက်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်က ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ အမြန်ကူးစက်ပျံ့နှံ့နေပြီး ကူးစက်နှုန်းနှေးသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။  လော့ဒေါင်း စည်းကမ်းတွေထဲမှာ  ဇန်နဝါရီ ၅ ရက်ကစလို့ ကျောင်းတွေ ပိတ်တာ၊ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ထွက်ဝယ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ တခြား ကန့်သတ်ခြွင်းချက်တွေကလွဲပြီး အများစု အိမ်မှာပဲနေဖို လိုအပ်တဲ့ စည်းကမ်းတွေ ပါဝင်ပါတယ်။   ကာကွယ်ဆေးထိုးနှံရေး အချိန်ဇယားအတိုင်းသွားပြီး လော့ဒေါင်းကြောင့် မျှော်မှန်းသလို ကူးစက်သူနဲ့ သေဆုံးသူအရေအတွက် လျော့ကျရင် ဖေဖော်ဝါရီလလယ်က စလို့ လော့ဒေါင်းပြန် ဖယ်ရှားဖို့ ဖြစ်နိုင်တယ်လို့လည်း ဂျွန်ဆင်က ပြောခဲ့ပါတယ်။ အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေး စထိုးနှံပြီး နာရီပိုင်းအကြာမှာ စကော့တလန်နဲ့ အင်္ဂလန် နှစ်ခုစလုံးကို  လော့ဒေါင်းချမှတ်လိုက်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago
More News
Up