အင်ဒိုနီးရှားမြို့တော်

September 23, 2020

အင်ဒိုနီးရှားမြို့တော်၌ နေ့စဉ် ကိုဗစ်-၁၉  အသစ်ကူးစက်ခံရသူ အယောက် ၁၀၀၀ ကျော်ရှိနေ 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာကမှာ ကိုဗစ်-၁၉ ကူးစက်ခံ ဦးရေနဲ့ သေဆုံးသူ ဦးရေ တိုးလာနေလို့ အလောင်းမြှုပ်ဖို့ ကျင်းတူးသမား အယောက် ၂၀ လောက်ဟာ မြို့စွန်ရှိ ပွန်ဒေါ့ရန်ဂွန်းသင်္ချိုင်းမှာ ၂၄ နာရီလုံး အလှည့်ကျ အလုပ်လုပ်နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးမဆိုက်ခင်က တရက်ကို ဆယ်ကျင်းလောက်ပဲ ပြင်ဆင်ရပေမဲ့ အခုတော့ တရက်ကို ကျင်းလေးဆယ်ထိ တူးနေရတယ်လို့ သူတို့က ပြောပါတယ်။ မြေကျင်းတူးသူတယောက်က “ကိုဗစ်-၁၉ ဓားစာခံတွေရဲ့ ဈာပနကို ကိုင်တွယ်ရာမှာ ပါဝင်ရလို့ ကျနော် ကျေးဇူးတင်တယ်။ ဒီနည်းနဲ့ ကျနော် သူများတွေကို ကူညီနိုင်တယ်”လို့  ပြောပါတယ်။ ဂျကာတာတမြို့တည်းမှာ ဒီလထဲမှာ နေ့စဉ် အသစ်ကူးစက်ခံ ဦးရေ အယောက် ၁၀၀၀ ကျော်နေပြီး သြဂုတ်လ ပထမလဝက်က ပျမ်းမျှလူသေနှုန်းရဲ့ ၂ ဆရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန သတင်းအချက်အလက်တွေက ပြထားပါတယ်။ ကာကွယ်ဆေးဟာ အင်ဒိုနီးရှားနိုင်ငံက ကူးစက်ကပ်ဘေးကို အဆုံးသတ်မယ့် အဖြေမဟုတ်ဘူးလို့ ကူးစက်ရောဂါဗေဒပညာရှင် ပန်ဒုရီယိုနိုက ယုံကြည်ထားပါတယ်။ “ကာကွယ်ဆေးဟာ ကပ်ဘေးကို ဖြေရှင်းပြီး စီးပွားရေးပြဿနာတွေကနေ ပြန်နာလန်ထူလာဖို့ ကူညီမယ်လို့ ကျနော် မထင်ဘူး။ ကပ်ဘေးကို ကိုင်တွယ်ဖို့ လွယ်ကူတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတဲ့အချက်နဲ့ အရူးလုပ်မခံသင့်ဘူး” လို့ ပန်ဒုရီယိုနိုက ပြောပါတယ်။
9 months Ago
Up