အင်တာမီလန်

January 27, 2021

မီလန်ဒါဘီပွဲစဉ်တွင် တိုက်စစ်မှူးလူကာကူနှင့် အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွား

မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲ  မီလန်ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

အင်တာတိုက်စစ်မှူး လူကာကူနဲ့ အေစီတိုက်စစ်မှူး မိုဗစ်တို့ဟာ ပထမပိုင်းပြီးခါနီးမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ 

လူကာကူကို အေစီမီလန်အသင်းခေါင်းဆောင် ရိုမန်နိုလီက ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ လူကာကူနဲ့ မိုဗစ်တို့ဟာ ခေါင်းချင်းဆိုင်ပြီး ထိပ်တိုက်တွန်းခဲ့ကြလို့ ၂ ဦးစလုံး အဝါကတ် ကိုယ်စီပြသခံခဲ့ရပါတယ်။

ပထမပိုင်းအပြီး အဝတ်လဲခန်းထဲဝင်ချိန်မှာ လူကာကူက မိုဗစ်ကို ဆဲဆိုခဲ့ပြီး မိုဗစ်ကလည်း အစောပိုင်းကတည်းက လူကာကူကို ဆဲဆိုထားခဲ့တယ်လို့ သိရပါတယ်။ 

ဒီပွဲမှာ အင်တာမီလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အေစီမီလန်အတွက် ဦးဆောင်ဂိုး စတင်သွင်းခဲ့တဲ့ မိုဗစ်ဟာ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်မှာတော့ ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဝါကတ်ပြခံခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လူကာကူနဲ့ အီဗရာဟီမိုဗစ်တို့ဟာ မန်ယူနိုက်တက်အသင်းမှာ အတူကစားခဲ့ဖူးပြီး မီလန်ဒါဘီမှာ ပြန်လည်တွေ့ဆုံရာမှာတော့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

5 months Ago

January 18, 2021

မန်ယူတိုက်စစ်မှူးဟောင်း လူကာကူကို ခေါ်ယူရန် မန်စီးတီးအသင်း ပစ်မှတ်ထားနေ

အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ မန်စီးတီးအသင်းက ခေါ်ယူမယ့် ပစ်မှတ် ကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး အဂွဲရိုး နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး လူကာကူလည်း ပါဝင်နေတာပါ။ မန်စီးတီးအသင်းဟာ အင်တာမီလန်မှာ ကစားနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း လူကာကူနဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းတို့ကို ပစ်မှတ်ထားနေပြီး လာမယ့်နွေရာသီမှာ ပေါင်သန်း ၂၀၀ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ အဂွဲရိုး၊ ဖာနန်ဒင်ညိုနဲ့ အဲရစ်ဂါစီယာတို့က အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး အဲဒီနေရာတွေအတွက်လည်း ကစားသမားသစ်ခေါ်ဖို့ မန်စီးတီးအသင်းက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
5 months Ago

ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး အင်တာတို့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိ

လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့အတူ ပူးတွဲရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ဗီဒဲလ်က ပထမပိုင်းမှာတင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒါဟာ သူ့အတွက် ၂၀၁၅ မေ လနောက်ပိုင်း ပထမဆုံးသော စီးရီးအေဂိုးလည်း ဖြစ်ပါတယ်။ နီကိုလိုဘာရယ်လာက အင်တာအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ အင်တာဘက်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပီယာလိုရဲ့အသင်းဟာ ထိပ်ဆုံးက မီလန် ၂ သင်းနဲ့ ၇ မှတ်အထိ ကွာဟနေပြီး တနင်္လာနေ့မှာ ကစားမယ့် ကတ်ဂလီယာရီနဲ့ပွဲမှာ အေစီမီလန်အသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ဟာ ပိုပြီးကျယ်ပြန့်လာမှာလည်း ဖြစ်ပါတယ်။  လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ကနေ ၁၄ အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ကွန်တီဟာ အင်တာမီလန်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်မှာ တာဝန်ယူခဲ့ပြီး အသင်းဟောင်းနဲ့ ပထမ ၂ ကြိမ် တွေ့ဆုံမှုတွေမှာတော့ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်မရရှိခဲ့တာ ၄ နှစ်ကျော် ကြာနေခဲ့ပြီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အနိုင်ရရှိခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ၂၀၁၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော စီရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ရေး မျှော်လင့်ချက်တွေကိုလည်း ပိုပြီးတော့ မြင့်တက်လာစေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်တို့ရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ပြန်လည်ချေပဖို့ ရုန်းကန်ခဲ့ရပြီး စီရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုဟာလည်း ဒီပွဲမှာ ခြေပေါ်အောင် မကစားနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုနဲ့ လူကျွံဂိုး၊ ချီဆာရဲ့ ကန်ချက်တို့လောက်ကသာ အင်တာမီလန်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး အင်တာအသင်းကသာ ပွဲကို စိုးမိုးသွားခဲ့တာ ဖြစ်ပါတယ်။ လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ ဂိုးသွင်းမသေချာမှုကြောင့်သာ ဂိုးပြတ်ရှုံးနိမ့်မယ့် အရေးကနေ ကင်းလွတ်ခဲ့တာ ဖြစ်ပါတယ်။
5 months Ago
More News
Up