အင်တာမီယာမီ

January 19, 2021

ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမီယာမီအသင်း၏ နည်းပြချုပ်အဖြစ် ဖီးလ်နဗီးလ် တာဝန်ယူမည်

အင်္ဂလန်နောက်ခံလူဟောင်း ဖီးနဗီးလ်ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်း နည်းပြရာထူးကနေ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ ဖီးလ်နဗီးလ်ဟာ အသင်းကို အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နဗီးလ်ရဲ့ နေရာမှာတော့ ဟော်လန်နည်းပြတစ်ဦးဖြစ်သူ ဆရီနာဝီမန်က တာဝန်ယူသွားမှာ ဖြစ်ပေမယ့် ၂၀၂၂ ယူရိုချန်ပီယံရှစ်နဲ့ ၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမတိုင်ခင်မှာပဲ စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ မန်ယူ နောက်ခံလူဟောင်း တစ်ဦးလည်းဖြစ်သူ နဗီးလ်ဟာ  အင်္ဂလန်အမျိုးသမီးအသင်းကို SheBieleiveCup ဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့ကာ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲခြေစစ်ပွဲလည်း အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
4 months Ago

August 12, 2020

အင်တာမီယာမီအသင်း၏ ကမ်းလှမ်းချက်ကို ဂေါ့ဇီ ပယ်ချ

ဒေါ့မွန်ကစားသမားဟောင်း မာရီယိုဂေါ့ဇီဟာ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။  ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဟာ အသက် ၂၈ နှစ်ရှိ ဂေါ့ဇီအတွက် တစ်နှစ်လုပ်ခ ပေါင် ၅ ဒသမ ၃ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂေါ့ဇီဘက်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်လူ ဂေါ့ဇီအနေနဲ့ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ ထွက်ခွာလာခဲ့တာဖြစ်ပြီး တခြားကလပ်အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဂေါ့ဇီအနေနဲ့ ဥရောပကလပ်တွေမှာပဲ ဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဂျာမန်သတင်းဟာ  Bild က ဖော်ပြပါတယ်။ ဂေါ့ဇီကို မိုနာကို၊ ဆီဗီလာ၊ ဖီအိုရင်တီးနား၊ အေစီမီလန်နဲ့ ရိုးမားအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
9 months Ago
Up