အင်တာပို

June 14, 2020

အင်တာပိုက အလိုရှိသည့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို အာဂျင်တီးနားရဲတပ်ဖွဲ့ ဖမ်းဆီး

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိနေ တဲ့ တူရကီရာဇဝတ် ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန်လ ၁၁ ရက်မှာ ဖမ်းဆီးမိခဲ့ပါတယ်။  အသက် ၃၄ နဲ့ ၄၀ အရွယ် အသီးသီးရှိကြတဲ့ ဒီနှစ်ဦးဟာ တူရကီမှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေနဲ့ အလိုရှိနေသူတွေပါ။  ဒီလူတွေဟာ အာဂျင်တီးနားနိုင်ငံထဲကို ပြီးခဲ့တဲ့ငါးလကထဲက မှတ်ပုံတင်အတုတွေသုံးပြီး ဝင်လာကာ မြို့တော် ဗျူနိုအေးရိစ်အရှေ့ဘက်က ပွါတိုမက်ဒီရိုက ဇိမ်ခံဟိုတယ်တခုမှာ နေခဲ့တာလို့ အာဂျင်တိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။  နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အလိုရှိနေတဲ့ သူတို့ကို အခုတော့ အာဂျင်တိုင်းဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာနက ထိန်းသိမ်းထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
11 months Ago

November 26, 2019

အမျိုးသမီးများအား သတ်ဖြတ်ခဲ့သည့် ဝရမ်းပြေး ၈ ယောက်ကို ဖမ်းဆီးနိုင်ရေး ကူညီရန် အင်တာပို မေတ္တာရပ်ခံ

အမျိုးသမီးတွေကို သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ရုရှားနဲ့ ဘရာဇီး အပါအဝင် ကမ္ဘာ့နိုင်ငံတွေက အမျိုးသား ၈ ယောက်ကို ခြေရာခံရာမှာ ပူးပေါင်းပါဝင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၂၅ ရက်နေ့နဲ့ တိုက်ဆိုင်ပြီး ပြင်သစ် အခြေစိုက် အင်တာပိုက  ခုလို မေတ္တာရပ်ခံလိုက်တာပါ။ ဝရမ်းပြေး ၈ ယောက်ထဲမှာ ရုရှားအစိုးရက  အလိုရှိသူ ၂ ယောက်၊ ဒိန်းမတ်၊ နော်ဝေ၊ ယူကရိန်း၊ ဘရာဇီး၊ ဆိုက်ပရပ်စ်နဲ့ အမေရိကန် အစိုးရတွေက လိုချင်နေတဲ့ လူတယောက်စီ ပါပါတယ်။ ဒီအထဲမှာ ၆ ယောက်ကတော့ လူသတ်မှု၊ လိင်ပိုင်းအကြမ်းဖက်မှု၊ သေဆုံးသည်အထိ ကိုယ်ခန္ဓာ ဆိုးဆိုးရွားရွား ထိခိုက်စေမှု၊ ပြန်ပေးဆွဲမှု၊ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်နေပါတယ်။ သူတို့ကို ကမ္ဘာတဝန်း တွေ့ရာနေရာမှာ အမိဖမ်းဖို့ အာဏာပိုင်တွေကို တောင်းဆိုတဲ့ အကြောင်းကြားစာကိုလည်း အင်တာပိုက ထုတ်ပြန်ခဲ့ပါတယ်။  ကမ္ဘာအနှံ့မှာ အသတ်ခံရတဲ့ အမျိုးသမီး နှစ်ယောက်အနက် တယောက်ဟာ သူတို့ရဲ့ မိသားစုဝင် ဒါမှမဟုတ် အိမ်ထောင်ဖက်တွေရဲ့ သတ်ဖြတ်တာကို ခံရတာလို့ အင်တာပိုက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ၃ ယောက်မှာ တယောက်ဟာ သူတို့ဘဝတလျှောက်မှာ အကြမ်းဖက်မှုကို ခံစားဖူးတဲ့ အတွေ့အကြုံ ရှိတယ်လို့လည်း အင်တာပိုက ပြောပါတယ်။
1 year Ago
Up