အင်နီယေစတာ

May 21, 2018

နှလုံးသားဟာ နူးကမ့်မှာ အမြဲကျန်ရှိနေမယ်၊ ကျမျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် အင်နီယေစတာ

အခုနှစ်ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ အနားယူတော့မယ့် အင်နီယေစတာက သူ့ရဲ့နှလုံးသားဟာ နူးကမ့်ကွင်းမှာသာ အမြဲကျန်ရှိနေမယ်လို့ မျက်ရည်တွေနဲ့အတူ နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်း ၂၂ နှစ်အကြာ ကစားပေးခဲ့ပြီး ၁၅ ရာသီ အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့တာပါ။ မနေ့ညက ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ နောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်ဆိုစီဒက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီးနောက် နူးကမ့်ကွင်းထဲမှာ အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။ အင်နီယေစတာဟာ ဒီရာသီ လာလီဂါဖလားဟာ ဘာစီလိုနာအသင်းအတွက် ကစားသမားဘဝ နောက်ဆုံးဆုဖလား ဖြစ်တာကြောင့် ဆုဖလားကို ကိုင်မြှောက်ကာ ပရိသတ် ၉၀၀၀၀ ကျော်ကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ နည်းပြ ဗယ်ဗာဒီကတော့ အင်နီယေစတာလို ကစားသမားမျိုးကို နောက်ထပ် ထပ်မံတွေ့ရဖို့မရှိဘဲ ဂန္ထဝင်မြောက်ကစားသမားတဦး ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ အင်နီယေစတာကို ဘာစီလိုနာအသင်းသားတွေအပြင် အသင်းရဲ့ ကွင်းလယ်မှာ အတွဲညီညီ ကစားခဲ့ကြတဲ့ ဇာဗီကလည်း အင်နီယေစတာကို စတွေ့တဲ့အချိန်ကို မှတ်မိကြောင်း ပြောပါတယ်။ ဇာဗီကို လူတယောက်က အင်နီယေစတာဟာ တချိန်ကျရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်လာမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်လာလီဂါဖလား ၉ လုံး၊ ကိုပါဒယ်ရေးဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၄ လုံး ရရှိခဲ့တဲ့ အင်နီယေစတာဟာ အသက် ၃၄ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
3 years Ago

May 16, 2018

အင်နီယေစတာကို အင်တာဗျူးရုပ်သံ ရိုက်ကူးစဉ် စတိတ်စင်ပြိုကျ၊ ၁၈ ဦး ဒဏ်ရာရ

ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာကို တွေ့ဆုံမေးမြန်းတဲ့ ရုပ်သံရိုက်ကူးရေး စတိတ်စင် ပြိုကျသွားတာကြောင့် လူ ၁၈ ဦး ဒဏ်ရာရရှိသွားပါတယ်။ မေလ ၁၅ ရက်နေ့က ဘာစီလိုနာမြို့မှာရှိတဲ့ ဆာတာလီယာ ဘောလုံးကွင်းမှာ စပိန်ရုပ်သံ ချက်စတာနဲ့ အင်တာဗျူးရုပ်သံ ရိုက်ကူးစဉ်မှာ စတိတ်စင် ပြိုကျသွားခဲ့တာပါ။ အဲဒီနေရာမှာ ရှိနေတဲ့လူတွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ စတိတ်စင်ပြိုကျလာချိန် အနီးအနားမှာ လူအများအပြား ရှိနေခဲ့တာ တွေ့ရပါတယ်။
3 years Ago
More News
Up