အင်တာမီလန်နည်းပြ

May 31, 2019

အင်တာမီလန်နည်းပြ စပယ်လက်တီ ရာထူးက ထုတ်ပယ်ခံရ

အင်တာမီလန်အသင်းဟာ နည်းပြ လူစီယာနို စပယ်လက်တီကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ နည်းပြ စပယ်လက်တီရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၁ အထိ ရှိနေပါတယ်။ သူဟာ အင်တာမီလန်ကို မနှစ်ကရာသီနဲ့ ဒီနှစ်ရာသီ ၂ ခုစလုံးမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒီနှစ်ရာသီမှာတော့ အင်တာမီလန်ဟာ အီတလီး စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အီတလီကလပ် အင်တာမီလန်ကတော့ ထုတ်ပယ်လိုက်တဲ့ နည်းပြနေရာမှာ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီနဲ့ အစားထိုးဖို့ မျှော်လင့်နေတာပါ။ နည်းပြ ကွန်တီဟာ ချဲလ်ဆီးနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။
2 years Ago
Up