အင်တာနက်ကွန်ရက်

January 2, 2019

ကွန်ဂိုတွင် ရွေးကောက်ပွဲသတင်းပျံ့နှံ့မှု ရပ်တန့်နိုင်ရေး အင်တာနက်ကွန်ရက်များ နှေးကွေးပြတ်တောက်

ကွန်ဂိုနိုင်ငံ ကင်ရှာဆာမြို့တော်နဲ့ တခြားမြို့တွေမှာ ဒီဇင်ဘာ ၃၁ ရက်က လက်ကိုင်ဖုန်းနဲ့သုံးတဲ့ အင်တာနက်ကွန်ရက်တွေ နှေးကွေးပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့မှု ရပ်တန့်ရေး အာဏာပိုင်တွေက လုပ်တာ ဖြစ်နိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။ ဒီမှတ်ချက်အတွက် အစိုးရအရာရှိတွေနဲ့ ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။ အာဏာပိုင်တွေဟာ အရင်ကလည်း အင်တာနက်ကို ဖြတ်တောက်ခဲ့ဖူးတယ်၊ ဆန္ဒပြပွဲတွေ အတွင်း ကောလာဟလတွေ ပျံ့နှံ့မှု ရပ်တန့်ရေးအတွက် လုပ်တာလို့ သူတို့က ပြောပါတယ်။ မဲရုံတွေကနေ သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေကို မဲတွေ စုပေါင်းသိမ်းဆည်းရာ ဌာနတွေဆီ စတင်ပေးပို့ချိန်မှာ အင်တာနက် ပြတ်တောက်ခဲ့တာပါ။ ကွန်ဂိုနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေတဲ့ ဗိုဒါကွန်း၊ အဲတဲလ်၊ အာဖရိဆဲလ်နဲ့ အောရိန့်ခ်ျ တယ်လီကွန်းကုမ္ပဏီတွေ အားလုံးက ဝန်ဆောင်မှုတွေကို ဒေသစံတော်ချိန် မနက် ၁၁ နာရီ လောက်မှာ ပိတ်ချခဲ့ပြီး အခုလိုလုပ်ခဲ့တဲ့အပေါ် ရှင်းပြတာမျိုးတော့ မရှိခဲ့ပါဘူး။ စာတိုက်နဲ့ ကြေးနန်း ဝန်ကြီးဌာန သတင်းရင်းမြစ်ကတော့ အဲဒီနေ့ နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေဟာ မဲရုံတွေကနေ လူမှုကွန်ရက်တွေဆီ ညတွင်းချင်း စပြန့်နေပြီဖြစ်လို့ သူတို့ဘက်က သေချာတယ်လို့ ကင်ရှာဆာမြို့ခံတွေက ပြောပါတယ်။ အတိုက်အခံတွေကို လိုလားသူတွေက ရလဒ်အများစုကို အင်တာနက်ပေါ် တင်ခဲ့ကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
2 years Ago
Up