အင်္ဂလန်-ရုရှား ပရိသတ်များ ခိုက်ရန်ဖြစ်ပွား၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲ (ရုပ်သံ)

June 12, 2016

အင်္ဂလန်-ရုရှား ပရိသတ်များ ခိုက်ရန်ဖြစ်ပွား၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲ (ရုပ်သံ)

ယူရို ၂၀၁၆ အုပ်စုဘီပွဲစဉ်မှာ အင်္ဂလန် အသင်းနဲ့ ရုရှားအသင်းတို့ တဂိုးစီ သရေကျတဲ့ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ နှစ်ဘက်ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ ဘောလုံးပွဲ ယှဉ်ပြိုင်ရာ ပြင်သစ်နိုင်ငံ မာဆေးမြို့ ဘောလုံးကွင်း အနီးက ဆိပ်ကမ်းဟောင်း ရပ်ကွက်မှာ နှစ်ဖက်ပရိသတ်တွေ  ပုလင်းတွေ၊ ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့ရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အတွက် ရဲက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲခဲ့ရပါတယ်။ အနည်းဆုံး လူ ၁ ဒါဇင်လောက် ဒဏ်ရာရခဲ့ပါတယ်။ တချို့ကိုလည်း ရဲက ဖမ်းဆီးခဲ့ရပါတယ်။ ယူရို ၂၀၁၆ ဘောလုံးပွဲကို ဦးစီးကျင်းပတဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ စည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အုပ်စု (ဘီ) အင်္ဂလန်နဲ့ ရုရှားအသင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာတော့ ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။
5 years Ago
Up