အခွန်ကိစ္စ

December 10, 2020

ဂျိုးဘိုင်ဒင်သား၏ အခွန်ကိစ္စ  ရှေ့နေရုံး စုံစမ်းနေ

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒင်ရဲ့ အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီလာဝဲပြည်နယ်ရှေ့နေရုံးက စုံစမ်းနေပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ဟန်တာဘိုင်ဒင်က "သူဟာ ဒီကိစ္စကို အလေးနက်ထားပါတယ်။ ဒါပေမဲ့  သူဟာ အခွန်အကြံပေးတွေရဲ့ ခံစားခွင့်အပါအဝင် သူရဲ့ အခွန်ကိစ္စတွေကို ဥပဒေနဲ့ အညီ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့တာကို ဒီကိစ္စတွေအပေါ် ပညာရှင်ဆန်ဆန် ၊ ဓမ္မဓိဌာန်ကျကျ ပြုလုပ်တဲ့ သုံးသပ်ချက် ကဖော်ပြပေးသွားမယ်"လို့  ထုတ်ပြန်ခဲ့ပါတယ်။  ဟန်တာဘိုင်ဒင်ရဲ့ အခွန်ကိစ္စဟာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေနဲ့ လုပ်ကိုင်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာက ဖော်ပြပါတယ်။ 
5 months Ago
Up