အခြေခံစားသောက်ကုန်

June 3, 2021

လေးကေ့ကော် စစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန် အကူအညီလိုအပ်နေ

ဖလူးဒေသတိုက်ပွဲကြောင့် လေးကေ့ကော်မြို့သစ်ကို တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသား ပြည်သူတွေအတွက်  ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ၊ ဒူပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ နီးပါး စစ်ရှောင်နေခဲ့ရတာပါ။

အဲဒီတိုက်ပွဲကြောင့် စစ်ဘေးရှောင်  ပြည်သူ ၆၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး ပြည်သူ ၃၀၀ ကျော်က လေးကေ့ကော်မြို့သစ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အခုအခါ စစ်ဘေးရှောင်  ပြည်သူတွေအတွက် ဆန်အပါအဝင် အစားအသောက်အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖလူးဒေသဟာ ဒီကနေ့မှာ‌တော့ ပစ်ခတ်မှုတွေ မရှိဘဲ အခြေအနေ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

2 months Ago

May 12, 2021

မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးတက်

မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေပါ ဈေးမြင့်တက်သွားပါတယ်။ 

သယ်ယူစရိတ်တွေ မြင့်တက်လာသလို ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ကုန်စည်ပစ္စည်း ဈေးမှတ်တမ်းယူနေသူတဦးက ပြောပါတယ်။ 

ကုန်ဈေးနှုန်းတွေ ကြီးလာတော့ ဘယ်လိုမှဝင်ငွေနဲ့ လုံလောက်မှုမှ မရှိကြဘဲ စားဝတ်နေရေးမှာလည်း ခက်ခဲပင်ပန်းနေရတယ်လို့ အိမ်ရှင်မ တဦးက ပြောပါတယ်။ 

“ဘာပဲဖြစ်ဖြစ် ပြည်သူ့တရပ်လုံးက စားဝတ်နေရေးဘက်မှာ ကုန်ဈေးနှုန်းသက်သာပြီး အလုပ်အကိုင်လေး ဖန်တီးပေးနိုင်မယ့် အစိုးအရ တရပ်ပဲ ဖြစ်စေချင်တယ်”လို့   သာမန်ပြည်သူ တဦးက ပြောပါတယ်။

ပြည်ပက တင်သွင်းရတဲ့ အခြေခံစားသောက်တွေ အရင်ဈေးနှုန်းထက် ရာဂဏန်းကနေ ထောင်ဂဏန်းကျပ်အထိ တက်ပြီး အလားတူ ပြည်တွင်း အခြေခံစားသောက်ကုန်တွေမှာလည်း ဆန်အမျိုးစားပေါ်မူတည်ပြီး အရင်ဈေးတွေထက် ၁ အိတ်ကို ကျပ် ၁၀၀၀ လောက်အထိ မြင့်တက်သွားခဲ့ပါတယ်။

ဒါ့အပြင် ကြက်သွန်ဈေးတွေက အနည်းငယ်သာ ဈေးတက်ပြီးတော့ အသားငါးဈေးက အနည်းငယ်သာ ဈေးအပြောင်းလဲရှိကာ ကြက်သားဈေးတွေက အရင်ဈေးတွေထက် ၁ ပိဿာကို  ကျပ် ၁၀၀၀ လောက်အထိ ဈေးတက်ခဲ့ပါတယ်။

3 months Ago
More News
Up