အခြေခံကျောင်

May 24, 2020

ဗြိတိန်ရှိ အခြေခံကျောင်းများ ဇွန် ၁ ရက်နေ့ ပြန်ဖွင့်မည်

ဗြိတိန်မှာ လာမယ့်ဇွန်လ ၁ ရက်ကစလို့ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်မယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဂရန့်ရှပ်ပ်က မေလ ၂၄ ရက်မှာ ပြောပါတယ်။  ဒါဟာ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောပေမဲ့  အစိုးရရဲ့ အစီအစဉ်ကို ဆရာများ သမဂ္ဂတွေနဲ့ အလုပ်သမား သမဂ္ဂတွေက ကန့်ကွက်တာကို ရင်ဆိုင်ရဖို့ ရှိပါတယ်။  ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ မေလ ၂၅ ရက်မှာ ဝန်ကြီးအဖွဲ့ အစည်းအဝေး လုပ်ပြီး အသွားအလာ ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးဖို့ ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။  ဗြိတိန်မှာ ဇွန်လ ၈ ရက်ကစလို့  နိုင်ငံတကာက ရောက်လာတဲ့သူတွေကို ၁၄ ရက် ရောဂါ ခြေချုပ် Quarantine ဝင်ခိုင်းဖို့ စီစဉ်ထားတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ပရီတီပတ်တယ်က မေလ ၂၂ ရက်တည်းက ပြောထားပါတယ်။ 
1 year Ago
Up