Warning: mysqli_query(): MySQL server has gone away in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_query(): Error reading result set's header in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056
အခွန်တိမ်းရှောင်မှု – DVB

အခွန်တိမ်းရှောင်မှု

August 8, 2018

သမ္မတထရမ့်၏ ရှေ့နေဟောင်းကို အခွန်ရှောင်တိမ်းမှုဖြင့် စုံစမ်းစစ်ဆေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့နေဟောင်း မိုက်ကယ်ကိုဝင်ကို အခွန်ရှောင်တိမ်းမှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ ကိုဝင်ဟာ သူ့ရဲ့ တက္ကစီလုပ်ငန်းက ရတဲ့ ဝင်ငွေကို တန်ဖိုးလျော့ပြီး ဖော်ပြတာမျိုး ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စစ်ဆေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဝင်ရဲ့ တက္ကစီလုပ်ငန်းအတွက် စတာလင်း နေရှင်နယ်ဘဏ်ကနေ ချေးငွေရယူခဲ့ရာမှာ ဘဏ်ဝန်ထမ်းတွေအနေနဲ့ ကိုဝင်ကို မမှန်မကန် ချေးငွေခွင့်ပြုခဲ့ခြင်း ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ ပြည်ထောင်စုအဆင့် စစ်ဆေးသူတွေဟာ ကိုဝင်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ငွေကြေး ပေးချေမှုတွေဟာ “သမ္မတရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေဥပဒေ” ကို ချိုးဖောက်ခြင်း ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။
3 years Ago

October 9, 2015

အခွန်တိမ်းရှောင်မှုဖြင့် မက်ဆီ အမှုရင်ဆိုင်ရမည်

အခွန်တိမ်းရှောင်မှုနဲ့ စပိန်လာလီဂါ ဘာစီလိုနာနဲ့ အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား လိုင်ယွန်နယ် မက်ဆီ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခွန်တိမ်းရှောင်မှု စွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ တရားလိုတွေက လျှောက်ထားပေမယ့် တရားသူကြီးက ပယ်ချခဲ့တဲ့အတွက် မက်ဆီနဲ့ ဖခင် ဂျော့တို့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမှုအတွက် ရက်သတ်မှတ်ရခြင်း မရှိသေးပါဘူး။ ယူရို ၄ သန်း အခွန်ရှောင်တိမ်းမှုနဲ့ မက်ဆီတို့ ၂ ဦး စွပ်စွဲခံထားရတာ ဖြစ်ပြီး မက်ဆီကတော့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အခွန်တာဝန်ရှိသူတွေရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် ၂၂ လ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မက်ဆီရှေ့နေကတော့ စာချုပ်တွေကို ဖတ်ရှုသုံးသပ်ဖို့အတွက် သူ့ရဲ့ အမှုသည်က အချိန်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
6 years Ago
Up