အခမ်းအနား

August 15, 2020

ပါကစ္စတန်လွတ်လပ်ရေးနေ့အခမ်းအနား သမ္မတတက်ရောက်

သြဂုတ်လ ၁၄ ရက်မှာ ကျရောက်တဲ့ ပါကစ္စတန်နိုင်ငံရဲ့  ၇၄ နှစ်မြောက်  လွတ်လပ်ရေးနေ့ အခမ်းအနားကို သမ္မတ အာရစ်ဖ်အယ်ဗွီ တက်ရောက်ပြီး အိန္ဒိယ ကတ်ရှ်မီးယားပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မြို့တော်အစ္စလာမ်ဘတ်ရှိ သမ္မတအိမ်တော်မှာ  အလံတင် အခမ်းအနားလုပ်ခဲ့ပြီး မိန့်ခွန်းထဲမှာ သမ္မတ အယ်ဗွီက  ကတ်ရှ်မီးယား ပြည်သူတွေကို မဆုတ်မနစ် ထောက်ခံတယ်လို့ ပြောပါတယ်။  “ကတ်ရှ်မီးယား အရေးကိစ္စမှာ အစိုးရနဲ့ အတိုက်အခံ တသဘောတည်း ဖြစ်ပါတယ်။  ကတ်ရှ်မီးယား ညီနောင်တွေကို ပစ်မထားပါဘူး။ ဒီကိစ္စကို ဆက်တိုက်ပွဲဝင်သွားမှာပါ “ လို့လည်း  ပါကစ္စတန်သမ္မတ အယ်ဗွီက ပြောပါတယ်။  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကရာချိမြို့က ပါကစ္စတန်နိုင်ငံ ဖခင်ကြီး အလီဂျင်းနားရဲ့ ဂူဗိမာန်မှာလည်း  ရေတပ်ဗိုလ်လောင်းတွေရဲ့ အစောင့်တပ်ဖွဲ့ တာဝန်လွှဲပြောင်းခြင်း  အခမ်းအနားကို ကျင်းပပါတယ်။ 
12 months Ago

July 12, 2020

အီရန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ မကူးစက်စေရန် အခမ်းအနားများကို ပိတ်

အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်မှု မဖြစ်အောင် လူစုလူဝေးနဲ့ အခမ်းအနား တွေကို ဇူလိုင်လ ၁၁ ရက်က စပြီး ပိတ်လိုက်တယ်လို့ သမ္မတ ရောင်ဟာနီက ရုပ်သံကတဆင့် ပြောကြားလိုက်ပါတယ်။ တီဟီရန်မြို့မှာ မြို့တော်ရဲတပ်ဖွဲ့ ကလည်း မင်္ဂလာဆောင် အခမ်းအနားတွေ၊ တခြား လူစုလူဝေးဖြစ်မယ့် နေရာတွေကို ပိတ်လိုက်ပြီလို့  ကြေညာပါတယ်။  အီရန်ဟာ ဧပြီလလယ်ကတည်းက အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းပြန်ဖွင့် လိုက်ပေမဲ့ ဒီရက်ပိုင်းတွေအတွင်း ကူးစက်မှုနှုန်း ပြန်မြင့်လာပါတယ်။  ဇူလိုင်လ ၁၁ ရက် တရက်တည်းမှာ အသစ်တွေ့ အတည်ပြုလူနာ ၁၈၈ ဦးတွေ့ခဲ့သလို စုစုပေါင်း ကူးစက်ခံလူနာကလည်း  ၂ သိန်း ၅ သောင်း ၅ ထောင်ကျော်နေပြီလို့ အီရန်ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
More News
Up