အကြမ်းဖက် စစ်ကောင်စီ

April 19, 2021

မော်လမြိုင်လူငယ်များ အကြမ်းဖက် စစ်ကောင်စီကို ဆန္ဒထုတ်ဖော်

မော်လမြိုင်လူငယ်တွေဟာ ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေက‌တော့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ လုံးဝ အုပ်ချုပ်မခံနိုင်ဘူးလို့ ဆိုပါတယ်။

လူငယ်တွေကတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံ ကြိုဆိုတယ်လို့ ပြောတယ်။

မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးထားပါတယ်။

2 months Ago
Up