အကြမ်းဖက်စစ်တပ်နှင့်ရဲ

June 2, 2021

ရေစကြို၊ မအူအလယ်ကျေးရွာ သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စစ်တပ်က ဝင်မွှေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူအလယ်ရွာက သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်ရဲ့ နေအိမ်ကို ဇွန်လ ၁ ရက်နေ့ ညက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ  ဝင်ရောက်မွှေနှောက်ရှာဖွေသွား တယ်လို့ သိရပါတယ်။

မအူအလယ်ရွာကို ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်တပ်က  ကား ၃ စီးနဲ့ ရောက်လာကာ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်ရဲ့ နေအိမ်က ပစ္စည်းတွေကို မွှေနှောက်ရှာဖွေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုလည်း ဆုတ်ဖြဲသွားတယ်လို့ ဦးဝေယံနိုင်က ဒီဗွီဘီကို ပြောပါတယ်။

3 weeks Ago

April 8, 2021

မြစ်ကြီးနားတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အာဏာသိမ်း တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ ယာဉ်တန်းဟာ နမ်ကျင်ကျေးရွာမှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့တွင်း လုံခြုံရေးကင်းလှည့်နေကြတဲ့ အကြမ်းဖက်အာဏာသိမ်းတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ ယာဉ်တန်းအား  ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ ၂၊ အမှတ် ၁၁ တပ်ရင်းတပ်ဖွဲ့တွေက နမ်ကျင်ကျေးရွာအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကျဆုံးစာရင်းကို စုံစမ်းဆဲဖြစ်တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြု‌ပြောပါတယ်။

ကချင်ပြည်နယ် နေရာအနံ့ပြားမှာ  ကေအိုင်အေ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီရဲ့ တပ်စခန်း ၇ ခုလောက်ကို ကေအိုင်အေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ သိရပါတယ်။

3 months Ago

ပုသိမ်မြို့ပေါ် ခရစ်ယာန်ဘုရားကျောင်းနှင့်ဗလီများကို အကြမ်းဖက်ရဲနှင့်စစ်တပ် ဝင်ရောက်ရှာဖွေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဧပြီလ ၈ ရက်နေ့ညနေပိုင်းကစတင်ကာ အကြမ်းဖက်ရဲနဲ့ စစ်တပ်က ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘုရားကျောင်းတွေနဲ့ ဗလီတွေထဲကို ရဲနဲ့စစ်တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးသွားတာမျိုးတော့ မတွေ့ဘူးလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။

"ညနေ ၅ နာရီလောက်က ရောက်လာပြီး ဝင်ရှာကြတာ။ အကုန်နေရာစုံအောင်ပတ်ရှာတာတွေ့တယ်၊ ဘာရှာတယ်ဆိုတာတော့ သေချာမသိရဘူး၊ နာရီဝက်လောက်ကြာတော့ ပြန်ထွက်လာတာတွေ့တယ်။'' 

ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်တဲ့ ကိုသာဖြူဘုရားကျောင်း၊ မြောင်းမြခရစ်ယာန်ဝင်းနဲ့ ထောင်ကုန်းဗလီထဲ ဝင်ရှာခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

3 months Ago
More News
Up