အက်ဖ်အေဖလား

January 25, 2021

အက်ဖ်အေဖလားတွင် မန်ယူနိုက်တက်က လီဗာပူးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထပွဲစဉ်မှာ မန်ယူအသင်းက လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်တက်ရောက်သွားပါတယ်။ 

ရှုံးထွက်ပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားသွားခဲ့ကြလို့ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးတွေလည်း အပြန်အလှန်သွင်းခဲ့ကြတာပါ။ 

ပွဲချိန် ၁၈ မိနစ်မှာ ဆာလက်က လီဗာပူးအတွက်ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ဂရင်းဝုဒ်က ပွဲချိန် ၂၆ မိနစ်မှာ ချေပဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစမှာ ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ၅၈ မိနစ်မှာ ဆာလက်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ 

ယူနိုက်တက်အတွက်အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဖာနန်ဒက်စ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပဉ္စမအဆင့်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

4 months Ago

December 1, 2020

အက်ဖ်အေဖလား တတိယအဆင့်၌  အာဆင်နယ်က နယူးကာဆယ်၊ မန်ယူက ဝက်ဖို့ဒ်နှင့်တွေ့ဆုံ

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လက်ရှိချန်ပီယံ အာဆင်နယ်က နယူးကာဆယ်နဲ့ တွေ့ဆုံနေပြီး မန်ယူက ဝက်ဖို့ဒ်နဲ့ တွေ့ဆုံနေပါတယ်။ စတုတ်စီးတီးနဲ့ လက်စတာ၊ အက်စ်တွန်ဗီလာနဲ့ လီဗာပူး၊ မန်စီးတီးနဲ့ ဘာမင်ဂမ် တို့ တွေ့ဆုံနေပြီး စပါးအင်းကတော့ အဆင့်–၈ လိဂ်က မရိမ်းအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ တတိယအဆင့်ကို အဆင့်–၈ လိဂ်ကနေ ပထမဆုံးအကြိမ် တက်လှမ်းလာနိုင်ခဲ့တဲ့ မရိမ်းအသင်းဟာ မာဆေဆိုဒ် အခြေစိုက်ကလပ် ဖြစ်ပါတယ်။ တတိယအဆင့် မရောက်ခင်မှာ ဟက်ဗန့်နဲ့ ဝါးတားလိုဗီလီအသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး ကျော်ဖြတ်လာခဲ့တာပါ။  စပါးနဲ့ ထိပ်တိုက်ဆုံခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး မော်ရင်ဟိုရဲ့ စပါးအသင်းက တောင့်တင်းတဲ့အသင်းကောင်းဖြစ်ပေမဲ့ အစွမ်းရှိသမျှ ကြိုးပမ်းကစားသွားမယ်လို့ မရိန်းနည်းပြက ပြောပါတယ်။
6 months Ago
More News
Up