အက်သလက်တီ

January 15, 2016

ရီးရဲလ်နှင့် အက်သလက်တီကို ကစားသမား အပြောင်းအရွှေ့ပိတ်ပင်ခံရ

စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ အပြောင်းအရွှေ့ ကာလ ၂ ခုမှာ ကစားသမား အပြောင်းအရွှေ့မလုပ်ဖို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က တားမြစ်လိုက်ပါတယ်။ အသက် ၁၈ နှစ်အောက်ကစားသမား အပြောင်းအရွှေ့ သတ်မှတ်စည်းမျဉ်းတွေကို ချိုးဖောက်လို့ တားမြစ်လိုက်တာ ဖြစ်ပြီး အက်သလက်တီကိုက ပေါင် ၆ သိန်းကျော်နဲ့ ရီးရဲလ်က ပေါင် ၂ သိန်းကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကလပ်အသင်း ၂ ခုလုံးက အယူခံတင်သွင်းသွားမယ်လို့ ဆိုပါတယ်။ ဒီတားမြစ်ချက်ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလကို သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၆-၁၇ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ကစားသမားကို ရောင်းချလို့ရပေမယ့်အစားထိုးဖို့ အတွက် ကစားသမား ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ကစားသမားသစ် ၀ယ်ယူရပေမယ့် တားမြစ် ကာလမကျော်မခြင်း ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ဒီအတွက် အသင်းကနေ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ အက်သလက်တီကို နည်းပြ ဒီယေဂို ဆိုင်မွန်၊ ရီးရဲလ်က ခရစ္စတီယာရော်နယ်ဒို၊ ဂရတ်ဘေးနဲ့ မန်ယူက ရီးရဲလ်ကို ပြောင်းမယ့် ဒေးဗစ် ဒီဂီယာ၊ ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းမယ့် ဟာဇက်တို့ အတွက် သောင်မတင် ရေမကျအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီမှာ ဘာစီလိုနာအသင်းကလည်း အခုလို တားမြစ်ပိတ်ပင်မှုမျိုးကို ရင်ဆိုင်ခဲ့ရဖူး ပါတယ်။ ဒါပေမယ့်လည်း ဗစ်ဒယ်နဲ့ တူရင်တို့ကို ၂၀၁၅ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့ပါတယ်။ ကစားသမား ၂ ဦးကတော့ တားမြစ်ကာလ မကျော်သေးလို့ ကစားနိုင်ခြင်း မရှိသေးပါဘူး။  
6 years Ago
Up