အက်စ်တွန်ဗီလာကို ၆ ဂိုးပြတ်သွင်းပြီး အနိုင်ယူသည့် လီဗာပူး

February 15, 2016

အက်စ်တွန်ဗီလာကို ၆ ဂိုးပြတ်သွင်းပြီး အနိုင်ယူသည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက အက်စ်တွန်ဗီလာကို ၆ ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရလိုက်ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၆ မိနစ်မှာ တိုက်စစ်မှူး စတာရစ်က သွင်းယူပါတယ်။ စတာရစ်အတွက်တော့ ဒဏ်ရာကနေ ပြန်လာပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ပွဲစကတည်းက ပါဝင်လာတာပါ။ ဒုတိယဂိုးကို မီလ်နာက သွင်းယူပြီး တတိယဂိုးကို ကန်က ၅၈ မိနစ်မှာ သွင်းယူပါတယ်။ ဂိုးတွေ ပေးလိုက်ရပေမယ့်လည်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဗီလာအသင်းက မလျှော့တမ်း ယှဉ်ပြိုင်သွားပါတယ်။ စတုတ္ထမြောက်ဂိုးကို အိုရီဂီ၊ ပဉ္စမမြောက်ဂိုးကို ကလိုင်းက အသီးသီး သွင်းယူပါတယ်။ နောက်ဆုံးအပိတ်ဂိုးကို နောက်တန်းကစားသမား တိုရေးက ၇၁ မိနစ်မှာ သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၃၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာကို တက်သွားပြီး ဗီလာက ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago
Up