အကောင်းဆုံးကစားသမားဆု

December 23, 2020

ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာ လာလီဂါ အကောင်းဆုံးကစားသမားဆု ၂ ဆုရရှိ

စပိန်သတင်းစာ မာကာက ချီးမြှင့်တဲ့ လာလီဂါ အကောင်းဆုံးကစားသမား ဆုပေးပွဲမှာ ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာက ဆု ၂ ခုအထိ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ လာလီဂါရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ အယ်ဖရက်ဒိုစတီဖန်နိုဆုကို ဘင်ဇီမာက ရယူနိုင်ခဲ့ပြီး ပရိသတ်တွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘင်ဇီမာဟာ မနှစ်က ၂၁ ဂိုးသွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၁၇ နောက်ပိုင်း လာလီဂါချန်ပီယံ ဖြစ်ခဲ့ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။  ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ ရာအူးလ်က မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပြီးနောက် ဘင်ဇီမာက မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဂိုးသွင်းဘုရင်ဆုကိုတော့ လာလီဂါသွင်းဂိုး ၂၅ ဂိုးရခဲ့တဲ့ မက်ဆီက ရယူနိုင်ခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားဆုကိုတော့ ရီးရဲလ်ဂိုးသမား ကော့တွိုက်က တတိယအကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။  အကောင်းဆုံးနည်းပြဆိုကိုတော့ ရီးရဲလ်နည်းပြက ဇီဒန်းက ရရှိသွားပါတယ်။
5 months Ago

October 10, 2020

၁ လတာ အကောင်းဆုံးနည်းပြနှင့်ကစားသမားဆု အဲဗာတန်အသင်းက ရရှိ

စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို အဲဗာတန်နည်းပြ အန်စလော့တီနဲ့ တိုက်စစ်မှူး ကယ်ဗက်လီဝင်တို့ ရရှိသွားပါတယ်။  အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလက စပါး၊ ဝက်စ်ဘရွန်းနဲ့ ခရစ္စတယ်ပဲလေ့ အသင်းတွေကို ၃ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ တလတာ အကောင်းဆုံးနည်းပြဆုရရှိခဲ့လို့ ဂုဏ်ယူမိပြီး အသင်းသားအားလုံး အကောင်းဆုံး ပြင်ဆင်လေ့ကျင့်ခဲ့ကြလို့ ဖြစ်ကြောင်းနဲ့ ဆက်လက်ရယူနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ အန်စလော့တီက ပြောပါတယ်။  အသက် ၆၁ နှစ်ရှိ အီတလီနည်းပြ အန်စလော့တီဟာ  မနှစ်က ဒီဇင်ဘာလကမှ အဲဗာတန်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အခုနှစ်အပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တာပါ။ စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ အဖွင့် ၃ ပွဲမှာတင် ၅ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူးကယ်ဗက်လီဝင်က ရရှိခဲ့တာဖြစ်ပါတယ်။  အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ၄ ပွဲစလုံး အနိုင်ရထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
7 months Ago
More News
Up