အကင်ဖန်ဝါ

July 10, 2020

ဝိုင်ကွမ်ဘီတိုက်စစ်မှူးကို ကျွဲကြီးဟု လှောင်ပြောင်ခဲ့သည့် ဖလက်ဝုဒ်အသင်းကို စုံစမ်းစစ်ဆေး

လိဂ်ဝမ်းပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ ဝိုင်ကွမ်ဘီတိုက်စစ်မှူး အကင်ဖန်ဝါကို ကျွဲကြီးလို့ ခေါ်ဆိုခဲ့တဲ့ ဖလက်ဝုဒ်တောင်းအသင်းကို အက်ဖ်အေက စုံစမ်းစစ်ဆေးနေပါတယ်။   ဇူလိုင်လ ၇ ရက်က ကစားခဲ့တဲ့ လိဂ်ဝမ်းပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဝိုင်ကွမ်ဘီ အသင်းက ဖလက်ဝုဒ်နဲ့ ၂ ဂိုး စီသရေ ကျခဲ့ပေမယ့် ပထမအကျော့က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ ဗိုလ်လုပွဲတက်ခဲ့တာပါ။  ပွဲအပြီးမှာ ပြိုင်ဘက် ဖလက်ဝုဒ်တောင်းအသင်း တာဝန်ရှိသူတဦးက ဝိုင်ကွမ်ဘီ တိုက်စစ်မှူး အကင်ဖန်ဝါကို  ကျွဲကြီးလို့ လှောင်ပြောင်းခေါ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။  ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ အကင်ဖန်ဝါဟာ ပွဲအပြီးမှာတော့ ကျွဲကြီးလို့ အခေါ်ခံခဲ့ ရတဲ့အပေါ်မှာ စိတ်မသက်မသာခံစားခဲ့ရပြီး လူမျိုးရေးခွဲခြားခံရတယ်လို့ တွစ်တာကနေရေးသား ခဲ့ပါတယ်။  ဒါ့အပြင် ပြိုင်ဘက်အသင်းတာဝန်ရှိသူတွေဟာ ကွင်းဘေးကနေ မိမိရဲ့ခန္ဓာကိုယ် အရွယ်အ စားနဲ့ အသားအရောင်ကို အသံအမျိုးမျိုးနဲ့ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အကင်ဖန်ဝါက ပြောပါတယ်။  အက်ဖ်အေအနေနဲ့ ဖလက်ဝုဒ်အသင်းကို စစ်ဆေးနေပြီး လိုအပ်သလိုအရေးယူဖို့ စီစဉ်သွား မယ်လို့ သိရပါတယ်။ 
12 months Ago
Up