ဟောင်ကောင်လွှတ်တော်

May 18, 2020

ဟောင်ကောင်လွှတ်တော်တွင် တရုတ်အစိုးရလိုလားသူများနှင့်ဒီမိုကရေစီအမတ်များ ရုန်းရင်း ဆန်ခတ်ဖြစ်

ဟောင်ကောင်လွှတ်တော်မှာ ဒီမိုကရေစီလိုလားသူအမတ်တွေနဲ့ တရုတ်အစိုးရလိုလားသူ အမတ်တွေကြား မေလ ၁၈ ရက် လွှတ်တော်တွင်း အငြင်းအခုံတရပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ ပါတယ် ။  အဓိက ကော်မတီတခု ဖွဲ့စည်းရေးမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မကျေလည်လို့ အငြင်းအခုံ ဖြစ်ခဲ့ရတာပါ။  တဦးနဲ့တဦး ထိုးကြိတ်မလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အထဲက ဒီမိုကရေစီလိုလားသူ အမတ်နှစ်ဦးကို လုံခြုံရေးဝန်ထမ်းတွေက လွှတ်တော်ခန်းမထဲက ဆွဲထုတ်ပေးခဲ့ရပါတယ်။ လွှတ်တော်ကော်မတီရဲ့တာဝန်က ဥပဒေပြုကောင်စီမှာ စာရင်းတွေကို ဒုတိယအကြိမ် တင်သွင်းဖတ်ကြားစဉ် ဆန်းစစ်ပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ ကော်မတီရဲ့ဥက္ကဋ္ဌကို တင်မြှောက်ဖို့ ကိစ္စဟာလည်း ပြီးခဲ့တဲ့နှစ်ကတည်းက မဖြစ်သေးပါဘူး။  အငြင်းအခုံဖြစ်တဲ့အထဲမှာ တရုတ်နိုင်ငံတော်သီချင်းကို အလွဲသုံးစားလုပ်ရင် ပြစ်မှု မြောက်တယ်ဆိုတဲ့ ဥပဒေကြမ်းတခုလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

January 17, 2020

အတိုက်အခံအမတ်များ ဟောင်ကောင်လွှတ်တော်အတွင်းမှ နှင်ထုတ်ခံရ

ဟောင်ကောင်လွှတ်တော်ကို ဇန်နဝါရီ ၁၆ ရက်က အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်တက် ရောက်ချိန်မှာ အတိုက်အခံအမတ်တွေဟာ ဒီမိုကရေစီထောက်ခံတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။  ကယ်ရီလမ်က ရဲတပ်ဖွဲ့ရဲ့ရက်စက်မှုတွေကို ပယ်ချလိုက်ချိန်မှာတော့  အတိုက်အခံ အမတ်တဦးက ကယ်ရီလမ်ကို လူလိမ်လို့ ခေါ်ဝေါ်ခဲ့ပါတယ်။  အဲဒီနောက် သူအပါအဝင် လွှတ်တော်အမတ်အတော်များများ အစည်းဝေးကနေ နှင်ထုတ်ခံရပါတယ်။ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ရေး  လွှတ်တော်အမတ်တွေက အစိုးရကို တောင်း ဆိုခဲ့ပါတယ်။  ကယ်ရီလမ်က ဟောင်ကောင်ဒေသဟာ ၂၀၁၉ ခုနှစ်မှာ နှစ်ဝက်လောက် မတည်ငြိမ်မှုတွေကို ကြုံတွေ့နေပြီး ဟောင်ကောင်ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတယ်လို့ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။  ဟောင်ကောင်မှာ လချီပြီး ဆန္ဒပြပွဲတွေနဲ့ မငြိမ်သက်တာတွေ ဖြစ်နေပါတယ်။  ဆန္ဒပြသူတွေက ဟောင်ကောင်အစိုးရ ကတိပြုထားတဲ့ လွတ်လပ်မှုတွေကို ပြည်မကြီးက ဝင်စွက်ဖက်တယ်လို့ ရှုမြင်ပြီး အဲဒီအပေါ်မှာ ဒေါသဖြစ်နေကြပါတယ်။  ဒါ့အပြင် ဟောင်ကောင်ရဲတပ်ဖွဲ့ အင်အားအလွန်အကျွံ သုံးတဲ့အပေါ်မှာလည်း သူတို့က တုံပြန့်သွားမယ်လို့ ပြောကြပါတယ်။ 
1 year Ago
Up