ဟီဂူအင်

March 29, 2019

တိုက်စစ်မှူး ဟီဂူအင် အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူ

ချဲလ်ဆီးတိုက်စစ်မှူး ဟီဂူအင်က အာဂျင်တီးနား လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကတော့ ချဲလ်ဆီးအသင်းအတွက် အာရုံအပြည့်စိုက်ပြီး ကစားချင်လို့ လက်ရွေးစင်အသင်းကနေ အနားယူတာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဂျူဗင်တပ်အသင်းကနေ ချဲလ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။ တိုက်စစ်မှူး ဟီဂူအင်ဟာ အာဂျင်တီးနားအတွက် ၇၅ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးထားပါတယ်။ ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အပြီးမှာတော့ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။ သူဟာ ကလပ်မှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရွေးစင်အသင်းအတွက် ကစားပေးတဲ့ အခါတိုင်း ခြေစွမ်းမပြနိုင်လို့ မကြာခဏ ဝေဖန်ခံရလေ့ရှိပါတယ်။
2 years Ago

February 28, 2019

ဟီဂူအင်ကို ပြန်ခေါ်ရန် ရည်ရွယ်ချက်မရှိဟု ဂျူဗင်တပ်အသင်း ထုတ်ပြန်

ချဲလ်ဆီးအသင်းမှာ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဂျူဗင်တပ်အသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဟီဂူအင်ကို ချဲလ်ဆီးအသင်းဘက်က အပြီးသတ်စာချုပ် မချုပ်ခဲ့ရင်တောင် ပြန်လည်ခေါ်ယူလိုခြင်း မရှိတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဟီဂူအင်ကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး အပြီးသတ် ခေါ်ယူလိုရင်တော့ ပေါင် ၃၁ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ပြီး နောက်ထပ်တရာသီ အငှားခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၁၆ သန်း ပေးချေရမှာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ လက်ရှိမှာ အသင်းကို ရောက်ရှိလာတော့မယ့် အာရွန်ရမ်ဆေးကို တပတ်လုပ်ခ ပေါင် ၄ သိန်းထိ ပေးချေရမှာဖြစ်လို့ ဟီဂူအင် ပြန်လည်ရောက်ရှိလာချိန်မှာ ပေးချေရမယ့် တပတ်လုပ်ခ ပေါင် ၃ သိန်းကို လက်တွန့်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာ ရော်နယ်ဒို ခြေစွမ်းပြနေတာကြောင့် ဟီဂူအင်ကို ပြန်လည်မခေါ်ယူချင်တာ ဖြစ်သလို အသက်အရွယ်အရ ကျဆင်းလာတဲ့ ခြေစွမ်းကြောင့် အသင်းတသင်းကို အပြီးသတ်ရောင်းချဖို့သာ စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
More News
Up