သင်္ကြန်ပွဲတော်

April 13, 2018

မြင်းခြံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (ဓာတ်ပုံ)

မြင်းခြံမြို့ ၂၀၁၈ မြန်​မာ့ရိုးရာ မဟာသင်္ကြန်​ပွဲ​​တော်​ဖွင့်​ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်​​နေ့ သင်္ကြန်​အကြို​နေ့ မနက်​ပိုင်းက မြိုင်​​ဟေဝန်​ ပန်းခြံ​ရှေ့ရှိ ​ဗဟိုမဏ္ဍပ်​မှာ ဖဲကြိုးဖြတ်​ ဖွင့်လှစ်​ခဲ့ပါတယ်​။ ဖွင့်​ပွဲအခမ်းအနားကို မြို့နယ်တာဝန်​ရှိသူတွေ တက်​​ရောက်​ခဲ့ကြပြီး ယိမ်းအကအဖွဲ့တွေက သင်္ကြန်​​တေးသီချင်းတွေနဲ့ ကပြ​ဖျော်​​ဖြေခဲ့ကြတာလည်း ဖြစ်​ပါတယ်​။ ၂၀၁၈ မဟာသင်္ကြန်​ပွဲ​​တော်​ကို မြင်းခြံမြို့ေ​ပေါ်မှာ ဗဟိုမဏ္ဍပ်အပါအဝင်​​​ ရေကစားမဏ္ဍပ်​ ၈ ခုရှိပြီး၊ အများပြည်​သူ​တွေ ​ပျော်​ရွင်​စွာ​ရေကစား​စေနိုင်ဖို့​အတွက်​ မဏ္ဍပ်​တိုင်းမှာ လုံခြုံရေးအပြည့်ချထားပြီး မြို့ဝင်​ မြို့ထွက်​ ဂိတ်​​တွေမှာ ​မော်​​တော်​ဆိုင်​ကယ်​တွေ၊ တုတ်​ဓား လက်​နက်​ စတာ​တွေကို စစ်​​ဆေးသွားမယ်​လို့ သိရပါတယ်​။ သတင်းဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)  
3 years Ago

April 11, 2017

ထိုင်းရိုးရာ နှစ်သစ်ကြို သင်္ကြန်ပွဲတော် ဆင်နွှဲသည့် ချစ်စရာ ဆင်ကြီးများ (ရုပ်သံ)

ထိုင်းနိုင်ငံ ရှေးဟောင်းမြို့တော် အယုဒ္ဒယမှာ ရိုးရာနှစ်သစ်ကြို သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်နေ့မှာ ဆင်ကြီးတွေနဲ့ ကြိုဆိုကျင်းပခဲ့ကြပါတယ်။ ဆင်ကြီးတွေဟာ ပွဲတော်တက်ရောက်လာသူတွေကို နှာမောင်းတွေနဲ့ ရေတွေဖျန်းပက်ကာ ကျီစယ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဆုန်ကရန်ရိုးရာသင်္ကြန်ပွဲတော်ဟာ ထိုင်းနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်စဉ်ကျင်းပနေကျ ပွဲတော်တခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ ပွဲတော်တခုပါ။ ဆုန်ကရန်သင်္ကြန်ပွဲတော်တွင်း လူကြီးလူငယ်မရွေး တဦးနဲ့တဦး ရေပက်ဖျန်း ကစားကြတာဖြစ်ပြီး နှစ်ဟောင်းက မကောင်းတဲ့ကံတွေကို သင်္ကြန်ရေနဲ့ ပက်ဖျန်းဆေးကြောပြီး မင်္ဂလာရှိတဲ့နှစ်သစ်ကို ကြိုဆိုတာလို့ ထိုင်းလူမျိုးတွေက ယုံကြည်ကြပါတယ်။
4 years Ago

စင်ကာပူတွင် ကျင်းပသည့် မြန်မာ့သင်္ကြန်ပွဲတော် (ရုပ်သံ)

စင်ကာပူနိုင်ငံ တိုပါးရိုးအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှာ ဧပြီ ၉ ရက် မနက်က စင်ကာပူရောက် မြန်မာတွေ ၂၀၁၇ မဟာသင်္ကြန် နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပါတယ်။ သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာ အစားအစာ မုန့်ဟင်းခါး၊ ကြာဇံ၊ မုန့်လုံးရေပေါ် စတဲ့ မုန့်တွေအပြင် ရေခဲမုန့်နဲ့ တခြားမုန့်မျိုးစုံကို စတုဒီသာ ကျွေးမွေးဒါနပြုခဲ့ကြပြီး ထောင်နဲ့ချီတဲ့ စင်ကာပူရောက် မြန်မာအသိုက်အဝန်းက ပျော်ရွှင်စွာ သင်္ကြန်ပွဲတော် ဆင်နွှဲခဲ့ကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်
4 years Ago
More News
Up