သင်္ကြန်

April 18, 2019

သင်္ကြန်ကာလ ပြည်သူနှင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းခဲ့သည့် ထိုင်းယာဉ်ထိန်းရဲ ဂုဏ်ပြုခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်ထဲက ယာဉ်ထိန်းရဲတဦးဟာ သင်္ကြန်ကာလ ရေကစားတဲ့ ပြည်သူတွေ လုံခြုံဘေးကင်းရေး နယ်လှည့်ပြီး သတိပေးနှိုးဆော်စဉ် ပြည်သူတွေက ပေါင်ဒါနဲ့ ဝိုင်းလိမ်းပေးလိုက်တဲ့အထိ ရင်းနှီးချစ်ခင်မှု ရရှိခဲ့တဲ့အတွက် ဌာနက ဝန်ထမ်းကောင်း ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းက မျက်နှာမှာ ပေါင်ဒါတွေအပြည့်နဲ့ ပြည်သူတွေ ဘေးရန်ကင်းစွာ ရေကစားဖို့ သတိထားရမယ့်အချက်တွေ လိုက်လံနှိုးဆော်နေတုန်း ပြည်သူတွေကလည်း သူ့ကို ပေါင်ဒါတွေနဲ့ ပြန်သုတ်လိမ်းပေးနေတဲ့ ယဉ်ထိန်းရဲတဦးပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အဲဒီရဲရဲ့ လုပ်ရပ်ကိုလည်း ချီးကျူးနေကြပါတယ်။ အဲဒီရဲဟာ လုပ်ပူရီခရိုင် ချိုင်းပါတန်းမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲအုပ် ထန်းဆကွန်း ထန်းဆထွန်းနစ် ဆိုသူဖြစ်ကြောင်း သိရှိရတဲ့အတွက် ဧပြီ ၁၇ ရက်နေ့မှာ ခရိုင်ရဲမှူးကြီးက ပြည်သူတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေ ရှေ့မှောက်မှာပဲ စံပြအဖြစ် ဂုဏ်ပြုလက်မှတ်နဲ့ ငွေသားတချို့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
2 years Ago

April 15, 2019

တိုကျို မြန်မာရွာသင်္ကြန်ပွဲတော် မြန်မာပြည်သား ၄၀၀၀ ကျော်လာရောက်ဆင်နွှဲ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ  မြန်မာရွာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၄ ရက်က ကျင်းပရာမှာ ဂျပန်နိုင်ငံတ၀န်းက  မြန်မာနိုင်ငံသားတွေ ၄၀၀၀ လောက် လာရောက်ပါဝင် ပျော်ရွင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ တိုကျိုက တာကာဒါနိုဘာဘာမြို့ကို မြန်မာပြည်သားတွေ အများအပြား နေထိုင်ကြလို့ ဂျပန်လူမျိုးတွေကပါ မြန်မာရွာလို့ တင်စားခေါ်ဆိုသုံးစွဲကြပြီး ပွဲတော်လာရောက်သူတွေက မြန်မာပြည် ပြန်ရောက်သလို ခံစားကြရတယ်လို့ ပြောကြပါတယ်။ မြန်မာရိုးရာ သင်္ကြန်အဆိုအက၊ သံချပ်တွေနဲ့ တင်ဆက်ခဲ့သလို မြန်မာနိုင်ငံတွင်း လူမှုထောက်ပံ့ရေးအတွက်လည်း ရိုးရာစားသောက်ဆိုင်တွေဖွင့်လှစ် ရံပုံငွေ ရှာဖွေကြတာလည်း တွေ့ရပါတယ်။ ဧပြီလ ၇ ရက်ကလည်း တိုကျိုမြို့ ဟီဘီယပန်းခြံမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သင်္ကြန်ပွဲ ကျင်းပခဲ့ပါသေးတယ်။
2 years Ago

မန္တလေးလမ်းလျှောက်သင်္ကြန်က ရွှဲရွှဲစိုကာတွန်းပြပွဲ (ဓာတ်ပုံ)

မန္တလေးလမ်းလျှောက်သင်္ကြန်မှာ မန္တလေးကာတွန်းညီအကိုများအဖွဲ့ (MCB)က ဦးစီးပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွှဲရွှဲစိုကာတွန်းပြပွဲမှာ ကာတွန်းအရေအတွက်  ၁၀၀ လောက်ကို ခင်းကျင်း ပြသထားပါတယ်။ ကာတွန်းတွေကို  မန္တလေးလမ်းလျှောက်သင်္ကြန် ၂၆လမ်းနဲ့  ၇၅လမ်းထောင့်အနီးမှာ ဧပြီ၁၃ရက် ကနေ ၁၆)ရက် အထိ ပြသမှာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ လမ်းလျှောက်​သင်္ကြန်​ကို ပျော်​ပျော်​ရွှင်​ရွှင်​ရေသဘင်​ပွဲဆင်​နွှဲရင်း ​ရေပက်​ခံ ထွက်​ရင်းနဲ့ ရွှဲရွှဲစို ကာတွန်းတွေကို လာ​ရောက်​ကြည့်ရှုခံစားနိုင်စေဖို့ ရည်ရွယ်ပြသတာလို့  ကာတွန်း အောင်မော်က ဒီဗွီဘီကို ပြောပါတယ်။ ရွှဲရွှဲစိုကာတွန်းပြပွဲမှာ ကာတွန်းဆရာ ၁၉ ဦးရဲ့ ကာတွန်း ၉၄ ကား ပြသပြီး ဟာသမြောက်ပြီး ရယ်ရတဲ့ ကာတွန်းတွေ၊ သံချပ်တွေလို ဝေဖန်ထောက်ပြထားတဲ့ ကာတွန်းတွေနဲ့  မန္တလေးသင်္ကြန်နဲ့ ပတ်သက်တဲ့ ကာတွန်းတွေ ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ- သော်တာ
2 years Ago
More News
Up