ရန်ကုန်လူငယ်တွေစုပေါင်းပြီး "သွေးစွန်းပညာရေးအားမပေး အဆုံးထိတော်လှန်ပေး"လို့ အမည်ပေးထားတဲ့ ပြောက်ကျားသပိတ်ကို နိုဝင်ဘာလ ၁၀ရက် ညနေ ၅ နာရီခွဲလောက်က ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကပြန်လည်ဖွင့်လှစ်နေတဲ့ ကျောင်းများကို မတက်ကြဖို့တိုက်တွန်းနှိုးဆော်တဲ့ စာတန်းတွေကိုင်ဆောင်ပြီး "ကျောင်းဝရောက်ရင်ပြောင်းဝရောက်မယ်” လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။