သွင်းဂိုး

February 16, 2020

ယူနိုက်တက်အတွက် သွင်းဂိုးတိုင်း ကွယ်လွန်သူ ညီမကို ရည်ညွှန်းမည်ဟု အီဂါလိုပြော

ယူနိုက်တက်အသင်းအတွက် သွင်းယူပေးမယ့် သွင်းဂိုးတိုင်းက မကြာသေးခင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ညီမဖြစ်သူကို ရည်ညွှန်းတယ်လို့  ယူနိုက်တက် တိုက်စစ်မှူးသစ် အိုဒီရွန်အီဂါလိုက ပြောဆိုခဲ့ပါတယ်။  အီဂါလိုရဲ့ ညီမဖြစ်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သေဆုံးသွားခဲ့တာပါ။ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ အိုးထရက်ဖို့ဒ်ကို ခြောက်လ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့သူပါ။  တခြားအသင်းဖော်တွေ စပိန်နိုင်ငံ မာဘယ်လာမှာ စခန်းသွင်း လေ့ကျင့်နေချိန်မှာ အီဂါလိုဟာ မန်ချက်စတာမြို့မှာ တဦးတည်း လေ့ကျင့်ခန်းဆင်းနေပြီး သူဟာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်မဲ့ တနင်္လာနေ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲထွက်လာနိုင်ချေ ရှိနေပါတယ်။  ယူနိုက်တက်အသင်းအတွက် ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ အီဂါလိုက ဒီဇင်ဘာလက သူတို့မိသားစုရဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကို ထုတ်ဖော် ပြောဆိုလိုက်တာပါ။ အသက် ၃၀ အရွယ် တိုက်စစ်မှူးရဲ့ ညီမဖြစ်သူ အသက် ၂၉ နှစ်အရွယ် မာရီအတိုလီဟာ ဒီဇင်ဘာလတုန်းက ကနေဒါမှာရှိတဲ့ နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။  ဒီဖြစ်ရပ်က သူ အပါအဝင် မိသားစုတစ်ခုလုံးအတွက် ဖြေမဆည်နိုင်စရာ အခိုက်အတန့် ဖြစ်ခဲ့တယ်လို့ အီဂါလိုက ဝန်ခံပါတယ်။ “ညီမက ကျနော်တို့ကို ထာဝရခွဲခွာသွားပြီးတော့ သူ့ကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့်မရှိတော့ဘူးဆိုတဲ့ ဖြစ်ရပ်က အရမ်းပဲ စိတ်ထိခိုက်စေခဲ့ပါတယ်” လို့ တိုက်စစ်မှူးက The Sun သတင်းဌာနကို ပြောခဲ့ပါတယ်။  “တခါတလေ တကိုယ်တည်း အထီးကျန်ချိန်မှာ သူ့ကို သတိရပါတယ်။ ကျနော့် နှလုံးသားထဲ ဒီဝေဒနာက ပြင်းပြင်းထန်ထန်ကို စွဲကျန်နေပါတယ်။ ဒါဟာ အရမ်းကို နာကျင်စရာကောင်းတဲ့ ဆုံးရှုံးမှုတခုပါ။ ဒါပေမဲ့ ယောက်ျားတယောက်အနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေပါတယ်” လို အီဂါလိုက ပြောပါတယ်။  သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အစ်မကို ဂုဏ်ပြုဖို့ အီဂါလိုက သူ့ရဲ့ ဘောလုံးကန်ဖိနပ်တွေမှာ ညီမနာမည်ကို ရေးထိုးထားကြောင်း ပြောဆိုကာ သူ ဝတ်ဆင်မယ့် ယူနိုက်တက်အင်္ကျီရဲ့ အောက်မှာလည်း သူ့ညီမနာမည် ပါတဲ့တီရှပ်ကို ဝတ်ဆင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူဟာ ယူနိုက်တက်အတွက် ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်မယ်ဆိုရင် သူ့ညီမ နာမည်ပါတဲ့ အင်္ကျီကို ဖော်ထုတ် အောင်ပွဲခံသွားမှာလည်း သေချာသလောက် ရှိနေပါတယ်။ အခုချိန်ကစပြီးတော့ ကစားသမားဘဝ ပြီးဆုံးတဲ့အချိန်အထိ သွင်းယူနိုင်တဲ့ ဂိုးတိုင်းကို ညီမအတွက် ရည်ညွှန်းသွားမယ်လို့လည်း  အီဂါလိုက ပြောပါတယ်။
1 year Ago

လီဗာပူးက နော့ဝှစ်ချ်ကို မာနေး၏သွင်းဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက နော့ဝှစ်ချ်ကို မာနေးရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၂၀ က နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစား ဝင်ကစားတဲ့ မာနေးက သွင်းယူနိုင်ခဲ့လို့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာပါ။ မာနေးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီး လီဗာပူးအတွက် ၇၅ ဂိုး၊ အသင်းဟောင်း ဆောက်သမ်တန်အတွက် ၂၅ ဂိုး သွင်းယူခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားပြီး ၂၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ် ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်တခုမှာတော့ ဆောက်သမ်တန်က အိမ်ကွင်းမှာ ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
1 year Ago

October 12, 2019

ပေါ်တူဂီက စီရော်နယ်ဒို သွင်းဂိုး အပါအဝင် လူဇင်ဘတ်ကို ၃ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲ အုပ်စုဘီပွဲစဉ်မှာ ပေါ်တူဂီသင်းက လူဇင်ဘတ်ကို  အသင်းခေါင်းဆောင် စီ‌ရော်နယ်ဒိုရဲ့ သွင်းဂိုးအပါအဝင် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်မှာ ဘရာနာဒို ဆေးလ်ဗား၊ ၆၅ မိနစ်မှာ စီရော်နယ်ဒိုနဲ့ ပွဲကစားချိန် ၈၉ မိနစ်မှာ လူစားဝင်ကစားသမား ဂွန်ဇာလိုဂူဒက်စ်တို့က သွင်းယူပေးခဲ့တာပါ။  စီရော်နယ်ဒိုဟာ အခုသွင်းဂိုးကြောင့် စီနီယာကစားသမားဘဝ သွင်းဂိုးပေါင်း ၇၀၀ ပြည့်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။ ပေါ်တူဂီအသင်းကတော့ အုပ်စု-ဘီ မှာ ၅ ပွဲကစား၊ ၃ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရမှတ် ၁၁ မှတ် ရရှိပြီး တပွဲ ပိုကစားထားတဲ့ ယူကရိန်းအသင်းရဲ့ နောက်အုပ်စု ဒုတိယနေရာမှာ ၅ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။
2 years Ago
Up