သံတော်ဆင့်သတင်းထောက်

April 8, 2021

ပုသိမ်မြို့က သံတော်ဆင့်သတင်းထောက်ကို ပုဒ်မ ၂ ခုဖြင့် တရားစွဲ ရုံးထုတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတဲ့ဖြစ်စဥ်မှာ သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက်ကို ဧပြီလ ၇ ရက်နေ့က ပုဒ်မ ၂ ခုနဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)(ခ) စတဲ့ ပုဒ်မတွေတပ်ပြီး အကျဥ်းထောင်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့တာလို့ နီးစပ်သူတွေက DVB ကိုပြောပါတယ်။

"ဒီနေ့ ရုံးချိန်းမှာတော့ မတွေ့ရဘူး ပုဒ်မ ၂ ခုနဲ့တရားစွဲထားတယ်။ ပစ္စည်းတွေဘာတွေတော့ ပေးလို့ရတယ်။ ဆေးဆို ဗမာဆေးကတော့ ချက်ခြင်းပေးလို့ရတယ်၊ အင်္ဂလိပ်ဆေးဆို ထောင်ဆရာဝန်ကို ပြရတယ်၊ ဒီနေ့ ရုံးချိန်က တတိယအကြိမ်မြောက်ပါ'' လို့ နီးစပ်သူတဦးက ပြောပါတယ်။

တတိယအကြိမ်မြောက်ရုံးချိန်မှာ ထောင်အတွင်းဓမ္မာရုံက စစ်ခုံရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး ထွေထွေထူးထူး စစ်မေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို မတ်လ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့က အွန်လိုင်းကနေ စစ်ဆေးခဲ့တာဖြစ်ပြီး ဧပြီလ ၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တာလို့ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီး ခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

3 months Ago

April 7, 2021

သံတော်ဆင့်သတင်းထောက်ကို ပုဒ်မ ၂ ခုဖြင့်တရားစွဲ ပုသိမ်အကျဉ်းထောင်တွင်း ရုံးထုတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတဲ့ဖြစ်စဉ်ကို  သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို  ဧပြီလ ၇ ရက်က ပုဒ်မ ၂ ခုနဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) (ခ) စတဲ့ပုဒ်မတွေတပ်ပြီး အကျဉ်းထောင်တွင်း  တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့တာလို့ နီးစပ်သူတွေက DVB ကိုပြောပါတယ်။

" ဒီနေ့ ရုံးချိန်းမှာတော့ မတွေ့ရဘူး ပုဒ်မ ၂ ခုနဲ့တရားစွဲထားတယ်။ ပစ္စည်းတွေဘာတွေတော့ ပေးလို့ရတယ်။ ဆေးဆို ဗမာဆေးကတော့ ချက်ခြင်းပေးလို့ရတယ်။ အင်္ဂလိပ်ဆေးဆို ထောင်ဆရာဝန်ကိုပြရတယ်၊ ဒီနေ့ ရုံးချိန်က တတိယအကြိမ်မြောက်ပါ''လို့ ပြောပါတယ်။

တတိယအကြိမ်မြောက်ရုံးချိန်မှာ ထောင်အတွင်းက ဓမ္မာရုံမှာ ပြုလုပ်ထားတဲ့ စစ်ခုံရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး ထွေထွေထူးထူး စစ်မေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို မတ်လ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့က အွန်လိုင်းကနေ စစ်ဆေးခဲ့တာဖြစ်ပြီး ဧပြီလ ၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တာလို့ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

3 months Ago
Up