သဲမုန်တိုင်း

May 8, 2019

သြစတြေးလျတွင် အားပြင်းသည့် သဲမုန်တိုင်းတိုက်ခတ်၊ တမြို့လုံး အမှောင်ကျ (ရုပ်သံ)

သြစတြေးလျနိုင်ငံ မီလ်ဒူရာမြို့ကို မေလ ၇ ရက် ညနေပိုင်းက အားပြင်းတဲ့ သဲမုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဝင်ချိန် တနာရီလောက်အတွင်း တမြို့လုံး အမှောင်ကျသွားခဲ့တာပါ။ မြို့ထဲကို သဲမုန်တိုင်းဝင်လာချိန် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီသဲမုန်တိုင်းဟာ ဗစ်တိုးရီးယားပြည်နယ်တဝန်း မြို့တော်တော်များများကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တနာရီ အများဆုံး လေတိုက်နှုန်း ၅၄ မိုင်လောက်ရှိတယ်လို့ ဗစ်တိုးရီးယား ပြည်နယ်ဆိုင်ရာ မိုးလေဝသဗျူရိုက ပြောပါတယ်။ အနားက မယ်လီမြို့မှာလည်း ရာသီဥတုဆိုင်ရာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် မီလ်ဒူရာလေဆိပ်မှာလည်း ည ၈ နာရီခွဲအထိ လေကြောင်းပျံသန်းမှုတွေ ရပ်နားထားရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
2 years Ago

July 27, 2018

တရုတ်တွင် သဲမုန်တိုင်းတိုက်ခတ်၊ ၁၀ မီတာအမြင့် သဲလှိုင်းလုံးကြီးများ ဖုံးလွှမ်း (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ် ဂိုလ်မူး (Golmu) မြို့မှာ အမြင့် ၁၀ မီတာလောက်ရှိတဲ့ သဲလှိုင်းလုံးကြီးတွေနဲ့အတူ သဲမုန်တိုင်း ဝင်ရောက်တိုက်ခတ် ခံခဲ့ရပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ သဲမုန်တိုင်းကြောင့် မိနစ်အနည်းငယ်အတွင်း တမြို့လုံး သဲတွေ ဖုံးလွှမ်းသွားခဲ့တာကြောင့် မြို့ဆင်ခြေဖုံး အရပ်ဒေသတွေမှာ ရှေ့မီတာ ၁ဝဝ လောက်သာ မြင်နိုင်တဲ့ အခြေအနေထိ ရောက်ရှိသွားခဲ့ပါတယ်။ သဲမုန်တိုင်းဟာ တစက္ကန့်ကို မီတာ ၂ဝ နှုန်းလောက်နဲ့ အပြင်းအထန် တိုက်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up