သေနတ်ပစ်ခံရ

September 22, 2021

တိုက်ကြီးမြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းဝင်းဇော်ကို ဒီကနေ့ မနက် ၉ နာရီကျော်လောက်က ဘောလုံးကွင်း ၁ လမ်းအဝင်မှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက်က သေနတ်နဲ့ ပစ်သတ်လိုက်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

အဲဒီရာအိမ်မှူးဟာ အကြမ်းဖက်စစ်အုပ်စု ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သားတော်စပ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့စည်းက ပြုလုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူး လို့ ဆိုပါတယ်။

အဲဒီရာအိမ်မှူး အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီးတော့ တိုက်ကြီးမြို့နယ်ထဲက နေရာတစ်ချို့မှာ လားသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

5 days Ago

September 20, 2021

ချောင်းဦးမြို့တွင် ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့မဗိုလ်တဲရပ်ကွက်ထဲမှာ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က အမျိုးသမီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ကူညီလုပ်ကိုင်ပေးခဲ့သူတစ်ဦးက “ကောင်မလေးအမည်က နှင်းထက်ထက်ဝေတဲ့။ အသက်က ၂၆ နှစ်လောက်တော့ ရှိမယ်ဗျ။‌ ဈေးရောင်းနေတုန်း လူ ၂ ယောက်ကလာပြီး သေနတ်နဲ့ ပစ်သတ်သွားဝာာဗျ။ သေနတ်ထိမှန်တာက ညာဘက်ပခုံးအထက်တစ်ချက်၊ ဘယ်ဘက်ချိုင်းအောက်တစ်ချက်၊ ခါးအောက်နှစ်ချက် စုစုပေါင်းလေးချက်မှန်တယ်ပေါ့။ ကျနော်တို့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပေမဲ့ နေ့လယ် ၂ နာရီလောက်မှာ ဆုံးသွားပြီ သတင်းကြားရတယ်” လို့ ပြောပါတယ်။

သေဆုံးတဲ့ မနှင်းထက်ထက်ဝေဟာ ကြံ့ခိုင်ရေးပါတီရဲ့စည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး ချောင်းဦးမြို့နယ်အတွင်းမှာ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး အသက်ခံရတာဟာ အခုလ ၁၀ ရက်ကစလို့ ၂၀ ရက်အထိ ပစ်ခတ်မှု ၃ ကြိမ်နဲ့ သေဆုံးသူ ၁ ဦး ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

7 days Ago
More News
Up