သေဆုံးသူ ၂၂ ဦး

July 3, 2021

ဖလော်ရီဒါကွန်ဒို ပြိုကျမှု အလောင်း ၄ လောင်း ထပ်တွေ့၊ သေဆုံးသူ ၂၂ ဦးရှိလာ

ဖလော်ရီဒါကွန်ဒိုမီနီယံမျှော်စင်မှ Surfside ပြိုကျရာကနေ သေဆုံးသူ ၂၂ ဦး အထိ မြင့်တက်လာတာနဲ့အမျှ နောက်ထပ်လူ ၄ ယောက်ရဲ့ ရုပ်ကြွင်းအလောင်းတွေကို အပြိုအပျက်တွေ ကြားမှာ ထပ်ပြီးတွေ့ရှိခဲ့ရတာကြောင့် မိုင်ယာမီမြောက်ပိုင်းရှိ ဒေသခံအာဏာပိုင်တွေက ဒီအဆောက်အအုံကို လုံခြုံမှုမရှိဘူးလို့ သတ်မှတ်ပြီး လူနေအိမ်ခန်းတွေမှာ နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ အမိန့်ပေးခဲ့ပါတယ်။ 

အင်ဂျင်နီယာတွေဟာ ဆိုးရွားတဲ့ ကွန်ကရစ်နဲ့ လျှပ်စစ်ပြဿနာတွေကို တွေ့ရှိပြီးနောက်မှာ  ဒုတိယအဆောက်အအုံ Crestview Towers မှာ နေထိုင်သူတွေကို ချက်ချင်းထွက်ခွာဖို့ ပြောကြားခဲ့တယ်လို့ North Miami ကမ်းခြေရဲ့ မြို့တော်မန်နေဂျာ Arthur Sorey က ပြောကြားပါတယ်။ 

တနင်္လာနေ့အစောပိုင်းမှာ ဖလော်ရီဒါကို ရောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ Isla ဟာရီကိန်း မုန်တိုင်း ရွေ့လျားနီးကပ်လာတာကြောင့် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပြီး နေရာပြောင်း ခိုင်းခဲ့တာပါ။ 

အဆောက်အအုံပိုင်ရှင်တွေဟာ သက်တမ်းအနှစ် ၄၀ လောက် ကြာလာပြီးနောက်မှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ဘေးကင်းလုံခြုံမှု ပြန်လည်စစ်ဆေးရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။ 

နောက်ဆုံးတွေ့ရှိတဲ့ ရုပ်ကြွင်းအလောင်းတွေကို Surfside အနီးအနားရှိ ၁၂ ထပ်တိုက် Champlain Towers South အနောက်မှာ ကျန်ရှိနေတဲ့ အမှိုက်အပျက်အစီးတွေထဲကနေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေဆဲ ၁၂၆ ယောက်လို့ စာရင်းရှိထားပါတယ်။

 ဇွန် ၂၄ ရက် အစောပိုင်းက မျှော်စင်တစ်စိတ်တစ်ပိုင်း သူ့ဖာသာသူ ပေါ်ပေါက်လာပြီးနောက် အစောဆုံး အချိန်နာရီတွေကတည်းက အပျက်အစီးတွေထဲကနေ အသက်ရှင်လွတ်မြောက်သူ တယောက်ကိုမှ မတွေ့ရသေးပါဘူး။ 

ပျောက်ဆုံးစာရင်းမှာ ပါနေတဲ့အရေအတွက်ဟာ ကြာသပတေးနေ့ကစပြီး ၁၇ ယောက် လျော့သွားပြီ လို့ Miami-Dade မြို့တော်ဝန် Daniella Levine Cava က သတင်းထောက်တွေကို ပြောပါတယ်။ 

လူစာရင်းတွေအားလုံးက အပြောင်းအလဲတွေ ဖြစ် ဖြစ်နေတော့ စုံစမ်းစစ်ဆေးသူတွေရဲ့ အလုပ်ကနေ တခါတလေ ပြန်သုံးသပ်နေရတယ်လို့လည်း ဆိုပါတယ်။ 

မြို့တော်ဝန်က သူဟာ ကြာသပတေးနေ့က မြင်ကွင်းတွေမှာ ၁၂ ထပ်တာဝါရဲ့ ကျန်ရှိနေတဲ့အပိုင်း ပြိုကျသွားမှာစိုးရိမ်လို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေကို ရပ်ထား ရတာကြောင့် ကျန်ရှိနေသေးတဲ့ မျှော်စင်အပိုင်းကို ဖျက်သိမ်းဖို့အမိန့်ကို လက်မှတ်ထိုးခဲ့တယ်လို့ ပြောပါတယ်။ 

သောကြာနေ့မှာ လုပ်ငန်းတွေပြန်စခဲ့ပြီး အပျက်အစီးပြင်ကြီးတလျှောက်မှာ မြေပုံစာရင်း ၉ ကွက်ထဲကနေ ၃ ကွက်အထိ ရှင်းလင်းလုပ်ဆောင်ပြီး ဖြစ်ပါတယ်။ 

7 months Ago
Up